တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်မျိုးနွယ်စုပါတီများ နိုင်ငံရေးပါတီအဖြစ်ပြန်လည်မှတ်ပုံတင်ရန် အခက်အခဲရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၃

ရခိုင်ပြည်နယ်မှ  လူနည်းစု ရခိုင်မျိုးနွယ်စုဝင်ပါတီများအနေဖြင့် နိုင်ငံရေးပါတီများ အဖြစ် ပြန်လည်မှတ်ပုံတင်ရန် စိတ်ဆန္ဒရှိနေကြသော်လည်း ငွေရေးကြေးရေး အပါအဝင် တစ်ခြားအခက်အခဲများနှင့် ကြုံတွေ့နေကြရသည်ဟု သတင်းရရှိသည်။

မြိုတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးအေးထွန်းက "ကျွန်တော်တို့ ပါတီငယ်တွေအနေနဲ့ ပိုပြီး အခက်အခဲ ရှိပါတယ်။ အခက်အခဲရှိတယ်ဆိုတာက ပါတီအာမခံကြေးဆိုပြီး သိန်း ၁၀၀ ရယ်။ နေပြည်တော်ကို လုပ်ထုံးလုပ်နည်းအရ နှစ်ကြိမ်သုံးကြိမ်ထိ လျှောက်ဖို့သွားရအုံးမယ ဆိုတော့ အနည်းဆုံး သိန်းတစ်ရာလေးဆယ်၊ တစ်ရာငါးဆယ် ကုန်ကျနိုင်တယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ သတ်မှတ်ချက်များကြောင့် ပါတီမှတ်ပုံတင်နိုင်ရေးအတွက် လူနည်းစု မျိုးနွယ်စု ပါတီများအနေဖြင့် ွေကြေးပိုင်းဆိုင်ရာအခက်အခဲမျာရှိနေကြသည်ဟု သိရသည်။

သို့သော်လည်း နိုင်ငံရေးပါတီအဖြစ် ရပ်တည်နိုင်ပါမှ မိမိတို့ဆိုင်ရာ အမျိုးသားအကျိုးစီးပွားကို ပြောဆိုစည်းရုံး ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ထား၍  ြိုတိုင်းရင်းသားပါတီအနေဖြင့် မှတ်ပုံတင်နိုင်ရန် စည်းရုံး လုပ်ဆောင်နေသည်ဟု ၎င်းက ပြောကြားသည်။

ပါတီမှတ်ပုံတင်နိုင်ရေးအတွက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာရှိတဲ့ ါတီဝင်တွေရဲ့ သဘောထားကို ကောက်ခံနေဆဲဖြစ်ပါတယ်။  လာမယ့် တ်လ ၅ ရက်ရောက်မှ မှတ်ပုံတင် မတင်တည်ပြုနိုင်မှာဖြစ်ပါတယ်ဟု  ပြောသည်။

ပါတီမှတ်ပုံတင်ရေး ဥပဒေသစ်ပါ သတ်မှတ်ချက်များကြောင့် ပြည်နယ်အဆင့်နိုင်ငံရေးပါတီအဖြစ် အသစ် ဖွဲ့စည်းရန်ပင် အခက်အခဲရှိနေကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီအတွင်းရေးမှူး ဦးကျော်ငြိမ်းက နိရဥ္စရာသို့ပြောသည်။

"ကျွန်တော်တို့ပါတီက အရင်က ပြည်ထောင်စုအဆင့်ဖွဲ့စည်းခဲ့တယ်ပေါ့နော်။ အခုဥပဒေသစ် အရဆိုတော့ ပြည်ထောင်ဆုအဆင့် ဖွဲ့စည်းဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ ပြည်နယ်နဲ့တိုင်းဒေသကြီး ဖွဲ့စည်းဖို့တောင် ပါတီအာမခံကြေးက အခက်အခဲရှိနေတယ်။ မြို့နယ်ငါးခုမှာ ရုံးခွဲဖွင့်ဖို့အတွက်လည်း အခက်အခဲ ရှိတယ်။ ကျနော်တို့ အရင်က ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲ၊ သံတွဲတွေမှာရုံးခွဲရှိတယ်။ အခုက ကျွန်တော်တို့ လူတွေ စခန်းွေကိုရောက်တဲ့လူရောက်နဲ့ အခုက သံတွဲတစ်မြို့မှာပဲ ရှိပါတော့တယ်" ဟု ပြောသည်။

မီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့်လည်း ပါတီ မှတ်ပုံ ပြန်တင်/ မတင်ကို ဆွေးနွေးနေကြဆဲဖြစ်ပြီး ယခုလကုန်ပိုင်းမှ သိရမည်ဟု ဥက္ကဋ္ဌဖြစ်သူ ဦးစိန်ကျော်လှက ပြောသည်။

 "အခုလောလောဆယ်တော့ ကျွန်တော်တို့ အတိအကျဆုံးဖြတ်ချမရသေးပါဘူး။ ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။ ဒီလ ၂၈ ရက်နေ့လောက်မှ အတည်ပြုနိုင်မှာပါ။ ဒါပေမယ့် ပါတီမှတ်ပုံတင်ဖို့ကတော့ တင်ဖြစ်ဖို့များပါတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေသစ်ကို ဇန်နဝါရီ ၂၆ ရက်တွင် စစ်ကောင်စီကထုတ်ပြန်ပြီးနောက် ဥပဒေသစ်အရ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်လျှောက်ထားရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်ခဲ့သည်။

ဥပဒေအသစ်အရ ပြည်ထောင်စု တဝန်းလုံးတွင် စည်းရုံးမည့်ပါတီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခု အတွင်းမှာသာ စည်းရုံး ဆောင်ရွက်မည့်ပါတီဆိုပြီး နှစ်မျိုးသတ်မှတ်ထားသည်။

ပြည်ထောင်စု တဝန်းလုံးတွင်စည်းရုံးမည့်ပါတီများအနေနှင့် ပါတီအာမခံကြေးအဖြစ် ကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ရမည်ဖြစ်ပြီး ကော်မရှင်က နိုင်ငံရေးပါတီ အဖြစ် အသိအမှတ်ပြုပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် လူတစ်သိန်းစည်းရုံးရမည်ဟု ဆိုထားသည်။

အလားတူ တိုင်းဒေသကြီး(သို့)ပြည်နယ်တစ်ခုတည်းသာ စည်းရုံးမည့်နိုင်ငံရေးပါတီများအနေဖြင့် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ် တစ်ခုခုတွင် ငွေစာရင်း ဖွင့်လှစ်ထားရန်နှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးရမည်ဖြစ်ကြောင်း အဆိုပါဥပဒေသစ်တွင် သတ်မှတ်ထားသည်။

တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တခုတည်းသာ စည်းရုံးမည့် နိုင်ငံရေးပါတီများအနေဖြင့် မြို့နယ် ၅ မြို့နယ်တွင် ပါတီရုံးများဖွင့်ရမည်ဟုလည်း ဥပဒေသစ်က ပြဋ္ဌာန်းထားကြောင်း သိရသည်။ (NN- 23)

ဆက်စပ် သတင်းများ