တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် နိုင်ငံရေးဖြင့်ဆက်စပ်ဖမ်းဆီးထောင်ချခံထားရသူ အများအပြားရှိသော်လည်း ကဆုန်လပြည့်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်မှ မပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 615

နိရဥ္စရာ၊ မေ /၂၀၂၃ 

 

ရခိုင်ပြည်နယ်တွင် ပုဒ်မ ၅၀၅ (က) အပါအဝင်  နိုင်ငံရေးဖြင့်ဆက်စပ်ဖမ်းဆီးထောင်ချခံထားရသူ အများအပြားရှိသော်လည်း စစ်ကောင်စီ၏ ကဆုန်လပြည့်နေ့  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်မှ မပါဝင်ကြောင်း သိရှိရသည်။

 

စစ်ကောင်စီသည် ယမန်နေ့ မေ  ရက်  မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား/သူ ၂၁၅၃ ဦး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

 

ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိသူ ၂၁၅၃ ဦးမှာ ကချင်ပြည်နယ်မှ ၁၄ ဦး၊ ကယားပြည်နယ်မှ ၁၀၁ဦး၊ ကရင်ပြည်နယ်မှ  ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၄၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၄၉ ဦး၊ပဲခူးတိုင်းဒေသကြီးမှ ၄၅၀ ဦး၊ မကွေးတိုင်း ဒေသကြီးမှ ၉၄ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၉၁၁ ဦး၊မွန်ပြည်နယ်မှ ၂၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၃၃၉ ဦး၊ ရှမ်းပြည်နယ်မှ ၆၅ ဦးနှင့်  ဧရာဝတီတိုင်းဒေသကြီးမှ ၄၈ ဦးတို့ ဖြစ်ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ရာဇသတ်ကြီးပုဒ် ၅၀၅-က အရ ပြစ်ဒဏ်ကျခံလျက်ရှိသေ အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

 

သို့သော်လည်း ရခိုင်မှ တစ်ဦးတစ်ယောက်ကိုမှ ပြန်လွတ်ပေးခြင်း မရှိခဲ့ဟု သိရသည်။

 

ရခိုင်မှ တိုက်ပွဲကာလအတွင်း စစ်အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀- က အရ တရားရင်ဆိုင်နေရသူများနှင့် အမိန့် ချမှတ်ခံထားရသူ အများအပြား ရှိနေသေးသော်လည်း လွတ်မြောက်လာခြင်းမရှိသည့် အပေါ် အမည်မဖော်လိုသူ ရှေနေတစ်ဦးက ယခုကဲ့သို့ပြောသည်။ 

 

"အခုက ပြစ်ဒဏ်ချခံထားတဲ့လူတွေကို လွှတ်ပေးတယ်ဆိုတဲ့ အနေအထားပေါ့။ ရခိုင်မှာက ၅၀၅(က)နဲ့ ရင်ဆိုင် နေကြရတာ ပြည်နယ်အနှံ့  တစ်ရာကျော်ရှိပေမယ့် သူတို့တွေဟာ ရုံးချိန်းတွေ အရွှေ့ခံနေရတယ်အကြိမ်ကြိမ်ပဲ။ တရားစွဲထားပြီး စစ်တပ်ရဲ့ ရားလိုတွေ မလာတာမျိုးလည်း ရှိတာပေါ့။ ဒါမျိုးတွေကြောင့် အမိန့်ချမှတ်ဖို့ အချိန်တွေကြန့်ကြာပြီး အခုလိုပြန်လွှတ်ပေးတဲ့ အထဲမှာလည်း အကျုံးမဝင်တာမျိုးတွေဖြစ်ရတယ်။ နစ်နာရတယ်လို့ မြင်ပါတယ်" ဟု ပြောသည်။

 

လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်ကိုတွေ့၍ ရခိုင်မှ မတရားဖမ်းဆီးခံထားရသူများ ပြန်လွတ်လာမည့် မျှော်လင့်ချက်နှင့် အကျဥ်းထောင်အနီး သွားကြည့်ခဲ့သော်လည် စိတ်မကောင်းစွာနှင့် ပြန်လာခဲ့ရသည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ 

 

"တခြားနေ့တွေတောင် လူတွေရှိသေးတယ်။ မနေ့ကတော့ လူတောင်တစ်ယောက်မမြင်ရပါဘူး"ဟုပြောသည်။ 

 

ယမန်နေ့က ပြန်လည်လွတ်မြောက်လာသူများကို " နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းသိရသည်။ 

 

 

NN-7

(ဓာတ်ပုံမေလ  ရက် စစ်တွေအကျဥ်းထောင်မြင်ကွင်း

ဆက်စပ် သတင်းများ