တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

စားနပ်ရိက္ခာ အချိန်မီမထောက်ပံ့နိုင်ပါက ရခိုင်မုန်တိုင်းသင့်ပြည်သူများ အငတ်ဘေးကြုံတွေ့ရနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 949

လက်ရှိတွင် ထမင်းလောက်ငှအောင် မစားရသူများလာ

 

စားနပ်ရိက္ခာ အချိန်မီမထောက်ပံ့နိုင်ပါက ရခိုင်မုန်တိုင်းသင့်ပြည်သူများ အငတ်ဘေးနှင့်င်ကြုံတွေ့နိုင်ပြီး လက်ရှိမှာလည်း                စားနပ်ရိက္ခာ အခက်အခဲကြောင့် ထမင်းနပ်မှန်အောင်၊ လောက်ငှအောင်မစားရသူများ လာနေပြီဟု ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးနေသူများနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများကပြောသည်။

 

မေလ ၁၄ ရက်တွင် စစ်တွေမြို့ကို ဗဟိုပြုတိုက်ခတ်သွားသည့် အင်အားပြင်း မိုခါဆိုင်ကလုန် မုန်တိုင်းကြောင့် ရခိုင်မှ ပြည်သူ ရာနှင့်ချီသေဆုံးခဲ့ရပြီး မြို့နယ်အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည့် ွက် နေရေးထိုင်ရေး၊ ရေနှင့်စားနပ်ရိက္ခာ အခက်အခဲကို ဆိုးဝါးစွာရင်ဆိုင်နေကြရသည်ဟု ပြောဆိုသည်။

 

မုန်တိုင်းအလွန်  ရက်မြောက် ယနေ့ မေ ၁၈ ရက်နေ့အထိ ကူညီကယ်ဆယ်ထောက်ပံ့မှုမရှိခြင်း  ဆန်အပါအဝင် ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် ဖြစ်သလိုနေထိုင်နေကြရကာ မကြာခင်အငတ်ဘေးကြောင့် သေဆုံးရနိုင်သည်ဟု စစ်တွေမြို့ တေဇရာမဝိပဿနာကျောင်းတိုက် စစ်ရှောင်စခန်းတာဝန်ခံ အရီးဖြူက နိရဉ္စရာကို ပြောသည်။

 

ပိုက်ဆံရှိသူတွေဆိုရင် သွပ်တွေသွားဝယ်တယ်။ မရှိသူတွေမှာ ဟာလာဟင်းလင်း။ သူများအိမ်မှာကပ်နေ၊ ကျောင်းတွေမှာကပ်နေဖို့ကလည်း ကျောင်းတွေတစ်ကျောင်းမှ ရစရာမရှိဘူး။ ဘုန်းကြီးကျောင်းတွေလည်း ရစရာမရှိ၊ အိမ်တွေလည်း ရစရာမရှိ၊ အိုအိမ်တွေလည်း ရစရာမရှိ အကုန် ပျက်စီးကုန်တယ်။ စစ်ဘေးရှောင်စခန်းတွေလည် အကုန်ပျက်စီးလို့ စားမယ့်ဆန်လည်းမရှိ။ ဘာမှမရှိ။ ဘယ်သူမှ နလန်မထူနိုင်ဘူး။ ငတ်လို့သေကြရတော့မယ် အခုဟု ပြောသည်။

 

ယင်းအပြင် မြို့ပေါ်ပျက်စီးမှု ၉၅% နယ်ပျက်စီးမှု ၉၀ % ရှိခဲ့သည့် ကျောက်တော်မြို့တွင်လည်း ရိက္ခာဝယ်ယူရန် မတက်နိုင်တော့သည့် မုန်တိုင်းသင့်ပြည်သူများမှာ ထမင်းငတ်သူများလည်း ရှိနေသည်ဟု ကျောက်တော်မှ ဖြူစင်မေတ္တာပရဟိတအသင်းဥက္ကဋ္ဌ ဦးညီပုက ပြောသည်။

 

တစ်ခုမကျန် အားလုံးပျက်စီးသွားကြတာပါ။ လက်ရှိမှာ နေထိုင်ဖို့အတွက် ပြိုပျက်သွားတာတွေကို ဖြစ်သလို ဆောက်နေကြတယ်။ စားနပ်ရိက္ခာက အခုကျနော်တို့ဆန်ဝယ်လို့မရတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။ ပိုက်ဆံက လက်ထဲမှာ မရှိကြတော့ဘူး။ ကုန်ကျမှုတွေများပြီး ရိက္ခာတွေအဆမတန်ဈေးတင်ရောင်းနေကြတော့ မဝယ်နိုင်ကြတော့ဘူး။ မစားနိုင်မသောက်နိုင်တဲ့လူတွေလည်း ရှိပါတယ်။ ောလောဆယ်မှာ တ်ကြတဲ့လူတွေလည်း ရှိပါတယ်ဟု ပြောသည်။

 

လက်ရှိမှာ နိုင်ငံတကာ အန်ဂျီအိုများ၊ ဒေသအတွင်းက အန်ဂျီအိုများ၊  စစ်ကောင်စီ အစိုးရ ဌာနဆိုင်ရာများ က္ခိုင်ပြည်သူ့ အစိုးရတို့က စာရင်းကောက်ယူမှုများ လုပ်ဆောင်လျက်ရှိသော်လည်း နေရာအများအပြားတွင် ကူညီထောက်ပံ့မှုများ  ုပ်ဆောင်ခြင်း မရှိသေးဟု သိရသည်။

 

ရက္ခိုင့်တပ်တော်ထိန်းချုပ်နယ်မြေတချို့တွင် ရိက္ခာထောက်ပံ့ပေးနေမှု  နေအိမ်များပြန်လည် ပြုပြင်ပေးမှု နှင့် ပရဟိတ အဖွဲ့တချို့က မြို့ပေါ်နှင့်နေရာတချို့တွင် တက်နိုင်သလောက် ကူညီထောက်ပံ့မှုများရှိသော်လည်း တပြည်နယ်လုံးအတိုင်းအတာနှင့် ဒုက္ခရောက်နေခြင်းဖြစ်၍ လုံလောက်ခြင်းမရှိဟု သိရသည်။

 

စစ်ကောင်စီက စစ်ရေယာဉ်များ၊ ကမ်းထိုးယာဉ်များနှင့် ရခိုင်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများပို့ဆောင်နေပြီး စစ်တွေမြို့သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိနေသည်ကို တွေ့မြင်ရသည်ဟု စစ်တွေ ဒေသခံများက ပြောသည်။

 

မုန်တိုင်းဒဏ်သင့်ပြည်သူများအနေနှင့် လက်ရှိမှာ ဖြစ်သလိုနေထိုင်ကာ တောင့်ခံနိုင်သော်လည်း ယခုထက် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရန် မဖြစ်နိုင်တော့သည့်အတွက် ကူညီကယ်ဆယ်မှုများ အမြန်ဆုံး လိုအပ်နေသည်ဟု စစ်တွေမြို့မှ မူဆလင်လူမှုကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

 

လက်ရှိကူညီကယ်ဆယ်မှုအနေနဲ့ တစ်ခုမှမရှိပါဘူး။ အန်ဂျီအိုတွေကလာတယ် ာရင်း ဇယားပြုစုတဲ့ ကဏ္ဍလောက်ပဲရှိပါသေးတယ်။ အစိုးရဘက်ကလည်း ဒီလိုပါပဲ။ အဓိက အများကြီးဒုက္ခရောက်နေတာက ဆေးဝါး၊ ရိက္ခာ၊ နောက်ထပ်အဆောင်ပေါ့။ အဆောင်တွေက အားလုံးပျက်စီးသွားတော့ မြို့ပေါ်မှာလည်း ပျက်စီးသလို စခန်းတွေမှာပါ အားလုံးအားလုံးပျက်စီးသွားတာ။ ရပ်ရွာလူကြီးမှာ ရှိရင်တော့ နည်းနည်းပါးပါးပေးနိုင်တယ်။ မရှိရင်တော့ ငတ်နေတာတွေ စခန်းတွေမှာထက် ရွာက လူတွေ ပိုဒုက္ခရောက်ပါတယ်’’ဟု ဆိုသည်။

 

မုန်တိုင်းသင့် ရခိုင်ပြည်သူများအတွက် လုပ်ဆောင်နေမှုများ နှင့် ပျက်စီးဆုံးရှုံးမှုများကို သိရှိနိုင်ရန် ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်း နှင့် ပြည်နယ်ကောင်စီဝင်ဦးသန်းထွန်းတို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ 

 

ရက္ခိုင့်တပ်တော်(AA) အနေနှင့် မုန်တိုင်းသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အတတ်နိုင်ဆုံ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းများ NGO INGO များ၊ ဒေသအတွင်းရှိ လှုမှုအခြေပြု အဖွဲ့အစည်းအနေနှင့်လည်း လိုအပ်သည့် အကူအညီများကို ပေးအပ်ရန်အတွက် ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အထူးမေတ္တာရပ်ခံထားသည်။

 

ယင်းအပြင် မုန်တိုင်းသင့်ပြည်သူများကလည်း နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေနှင့် လူသားချင်းစာနာမှုအကူအညီများ အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုကြသည်။(NN-7)

 

ဆက်စပ် သတင်းများ