တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင့်ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၆၀၀ကျော်မှ လူနေအိမ် ၄၄၅၁၂ဆောင်နှင့် သာသနိကအဆောက်အဦးများပျက်စီးဟု စစ်ကောင်စီထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 856

မေလ ၁၄ ရက်နေ့က ရခိုင်ပြည်ကိုဝင်ရောက်တိုက်ခိုက်ခဲ့သည့် မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင်ရခိုင်ပြည်တွင် ကျေးရွာပေါင်း ၆၈၆ ရွာမှ လူနေအိမ် ၄၄၅၀၂ ဆောင်အပါအဝင် စာသင်ကျောင်း၊သာနိကအဆောက်အဦး နှင့် ဆေးရုံဆေးခန်းများ ပျက်စီးခဲ့ကြောင်း စစ်ကောင်စီပိုင်မြန်မာ့အလင်း သတင်းစာတွင် ယနေ့ဖော်ပြထားသည်။


သာသနိကအဆောက်အဦး ၃၆၆ ခု၊ ဘုန်းတော်ကြီးကျောင်း ၄၈ ကျောင်း၊ စာသင်ကျောင်း ၃၉၄ ကျောင်း၊ ဆေးရုံ- ဆေးပေးခန်း၅၂ ခု၊ ဈေး တစ်ခု၊ လေဆိပ် အဆောက်အဦး ၁ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁ခု၊ ဓါတ်မီးတိုင် ၇ တိုင်၊ ထရန်စဖော်မာ ၁ လုံးနှင့်  ဌာနဆိုင်ရာ အဆောက်အဦး ၁၁၈ လုံးနှင့် အခြားပျက်စီးမှု ၉၃၂ ခုရှိကြောင်းလည်း ဖော်ပြထားသည်။


ယခု ဖော်ပြထားသည့် အပျက်အစီးစာရင်းမှာ တာဝန်ရှိသူများက မေလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းအထိ ကောက်ခံရရှိထားသည့် စားရင်းများ ဖြစ်ကြောင်း သိရှိရသည်။

 

၎င်းပြင် ြည်နယ်နှင့်တိုင်း ၁၁ ခုတွင် ရပ်ကွက်ကျေးရွာ ၁၀၈၆ ရွာမှ လူနေအိမ် ၄၄၉၂၈ ဆောင်၊ သာသနိက အ ဆောက်အဦး ၃၆၇ ခု၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံ၊ ဆေး ပေးခန်း ၅၉ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ ဓါတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ လုံး၊ ဈေး ၁ဈေး၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦး ၁၅၈ လုံးပျက်စီးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်များ ဆောင် ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ ၄၇ ဦး သေဆုံးခဲ့ကြောင်းလည်း ရေးသားဖော်ပြထားသည်။


မြေပြင်တွင် ယခုထက်အဆပေါင်းများစွာ ပိုများနိုင်ပြီး ဆက်သွယ်မှုဖုန်းလိုင်းများ ပြတ်တောက်နေသည့် အ တွက် အသေးစိတ်စာရင်းပြုစုရန် မဖြစ်နိုင်သေးဟု ကူညီကယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။


မိုခါ ဆိုင်ကလုန်မုန်တိုင်းမှာ မေလ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ရခိုင်ကမ်းရိုးတန်းကို စတင်ဝင်ရောက် တိုက် ခိုက်ခဲ့ပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့ကို ဝင်ရောက်ခဲ့သည်။

ဆက်စပ် သတင်းများ