စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် မြန်မာ ၉ ဦး လိုက်ပါလာသည့်ကား စစ်ဆေးမခံဘဲထွက်ပြေးရာက ယာဉ်တိုက်မှုဖြစ်ပြီး အဖမ်းခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 577

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်၊ မင်မြို့၌ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးတို့ လိုက်ပါလာသည့် ကားသည် ထိုင်းရဲများ စစ်ဆေးမှုမခံဘဲ မောင်းပြေးရာမှ ယာဉ်တိုက်မှုဖြစ်ကာ ကားပေါ်ပါလာသူ အားလုံး အဖမ်းခံခဲ့ရသည်ဟု ဒေသတွင်း ထိုင်းသတင်း မီဒီယာများတွင်ဖော်ပြထားချက်အရ သိရသည်။

 

ဇူလိုင်လ ရက် မနေ့က ချွန်ဖော်ခရိုင်၊ မင်မြို့၊ ဘန့်နာကျေးရွာအနီးရှိ လမ်းပေါ်၌ ထိုင်းရဲတပ်ဖွဲ့စစ် ဆေးရေးဂိတ်တွင် ပစ်ကပ်ကားတစ်စီးကို ရပ်တန့်ဖို့အချက်ပြခဲ့သော်လည်း  ရပ်တန့်မပေးဘဲ အရှိန်မြှင့် မောင်းနှင်သွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက နောက်မှထပ်ချပ်မကွာလိုက်လံဖမ်းဆီးခဲ့ရာ မင်မြို့၊ ဝိဆိုင်နီယားရွာအနီးတွင်  နောက်ထပ်ကားတစ်စီးကို တိုက်မိရာမှမီးလောင်ပြီး ဆက်သွား မရတော့သည့်အတွက် ကားပေါ် ပါလာသူအားလုံး အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

 

ယာဉ်မောင်း၏ထွက်ဆိုချက်အရ ကားပေါ်ပါလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲက အမျိုး သား ဦး၊ အမျိုးသမီး ဦး၊ စုစုပေါင်း ဦးတို့ကို ထိုင်းနိုင်ငံထဲ တောလမ်းမှတဆင့် မင်ပရာကျွတ်မြို့ စစ်ဆေးရေးဂိတ်အနီးအထိ သွားရောက်ခေါ်ဆောင်လာပြီး ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခရာခရိုင် ဟတ်ယိုင်မြို့သို ပို့ဆောင်ပေရန်ဖြစ်ကြောင်း၊ ပို့ဆောင်ခ ဘတ် ၁၀၀၀၀ ပေးမည်ဟု မြန်မာပွဲစား တစ်ဦးမှ ဆက်သွယ်လာသည့်အတွက် ယခုလိုပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

 

‘’ပွဲစားတွေက သူတို့အဖမ်းမခံရရင်ပြီးရောဆိုပြီ လုပ်ချင်ရာလုပ်ကြတာပဲလေ အဲလိုပဲ မြန်မာတွေကို ကားနဲ့တင်ခေါ်လာပြီး ကားရပ်မပေးဘဲထွက်ပြေးလို့ မတော်တဆဖြစ်တာတွေရှိခဲ့တယ် လူတွေလည်း သေတဲ့အထိ ဖြစ်ကုန်တာမျိုးတွေရှိတယ်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေ ကူညီဆောင်ရွက် ပေးနေသူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ဇွန်လ ရက်က အယုဒ္ဓယမြို့ အဝေးပြေးလမ်းမပေါ်၌ ကားတစ်စီးတိမ်းမှောက်ကာ မီးလောင် ခဲ့သည့်အတွက် မြန်မာနိုင်ငံသား ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့သလို၊ မေလ ၃၁ ရက်ကလည်း ကန်ချ နာဘူရီပြည်နယ်တွင် ပစ်ကပ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ မြန်မာ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ NN – 24

ဆက်စပ် သတင်းများ