အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံဖြစ်ခဲ့သည့် မြောက်ဦးနှင့် မင်းပြားမြို့ ရေပြန်ကျသွားပြီဟုဆို


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 588

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေးမြို့ မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် မြောက်ဦးနှင့် မင်းပြားမြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ ဩဂုတ်လ ၉ ရက်တွင် ရေပြန်လျော့ကျသွားခဲ့ပြီဟု မြို့ခံများက နိရဥ္စရာသတင်းဌာနသို့ပြောသည်။


မင်းပြားမြို့၏ စျေးဟောင်းပိုင်း၊ အလယ်ပိုင်းနှင့် အောက်ရွာပိုင်းစသည့် အပိုင်းသုံးပိုင်းတွင်ရှိသည့် ရပ်ကွက်များအားလုံးမှာ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင်မြစ်ရေဝင်ရောက်ပြီး ရေကြီးရေလျှံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါရပ်ကွက်များတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ရေပြန်လျော့ကျခဲ့ပြီး ညနေပိုင်းတွင်မူ ရေလုံးဝပြန်ကျသွားခဲ့သည်ဟု မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ ကိုကျော်မင်းဦးက နိရဥ္စရာသို့ပြောသည်။

"
အခုမြို့ပေါ်ရပ်ကွက်တွေမှာ ရေပြန်လျော့သွားပါပြီ။ ရေမရှိတော့ပါဘူး" ဟုပြောသည်။

ဩဂုတ်လ ၇ ရက်၊ ည ၉ နာရီခန့်ကပင်
မင်းပြားမြို့ပေါ်မှ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေစတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ဩဂုတ်လ ၈ ရက် နံနက်ပိုင်းတွင်မူ ရပ်ကွက်များတွင် ရေ ၃ ပေနီးပါးအထိတက်လာခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

အလားတူ မြောက်ဦးမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းအနီးကျေးရွာများတွင်လည်း ယမန်နေ့ နံနက်ပိုင်းမှစ၍ ရေပြန်ကျသွားခဲ့သည်ဟုလည်း မြို့ခံများက ပြောသည်။

ရခိုင်ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏စာရင်းအရ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့၏ စိုးရိမ်ရေအမှတ် ၈၁၀ စင်တီမီတာကိုကျော်၍ ၈၈၀ စင်တီမီတာထိ ရောက်ခဲ့သည်ဟု သိရသည်။

ယနေ့တွင် ၈၇၃ စင်တီမီတာသို့ ပြန်လျော့ကျခဲ့ပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် လျော့ကျသွားနိုင်မည်ဟုလည်း မိုး/ဇလက ယမန်နေ့ သြဂုတ်လ ၉ ရက်က ထုတ်ပြန်ထားသည်။


ဓာတ်ပုံ - မင်းပြားမြို့ ရပ်ကွက်တချို့အား သြဂုတ် ၉ ရက်၊ ညနေပိုင်းတွင်မြင်တွေ့ရစဥ်။ (Photo - ကိုကျော်မင်းဦး)

ဆက်စပ် သတင်းများ