အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ရဲက ခေါ်ဆောင်သွား


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 847

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းက ခေါ်ဆောင်သွားသည်ဟု သိရသည်။

ယနေ့သြဂုတ်လ ၁၅ ရက်၊ မွန်းတည့် ၁၂ နာရီကျော်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ရခိုင်အမျိုးသမီးများကွန်ရက်ရုံးမှတဆင့် ဒေါ်ညိုအေးအား ရဲများက လာရောက် ခေါ်ယူသွားခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"ရုံးကနေခေါ်ယူသွားတာလို့ သိရတယ်။  အမှတ်(၁)ရဲစခန်းကို ခေါ်သွားတာလို့ပြောတယ်။ ဖမ်းတာလား။ တိတိကျကျ မသိရသေးဘူး" ဟု ပြောသည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့အထိမ်းအမှတ်အဖြစ် စစ်တွေ ကျောင်းသားသမဂ္ဂရုံးတွင် ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကျင်းပရာသို့ တက်ရောက်ခဲ့၍ အမှတ်(၁)ရဲစခန်းက ခေါ်ယူသွားခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။

ဒေါ်ညိုအေးသည် ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ရခိုင်အမျိုးသမီးအရေးကို စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်သည်။

ဆက်စပ် သတင်းများ