ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

လိုင်ဇာရှိ ရက္ခိုင့်တပ်တော် (AA)စခန်း အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

စစ်ကောင်စီတပ်၏ ခါယာစခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် ကချင်ပြည်၊ လိုင်ဇာဌာနချုပ်ရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းများရှိရာပတ်ဝန်းကျင်တွင် ကျရောက် ပေါက်ကွဲလျက်ရှိကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ (MNDAA/ TNLA/AA) က သတင်းထုတ်ပြန်သည်။

၎င်းပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ရန်သူ့လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သော မုန်လိုင်ခတ် ပတ်ဝန်းကျင်နေရာများတွင်လည်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲလျက်ရှိသည်ဟု ဆိုသည်။

တစ်ပြိုင်နက်တည်းတွင် မြစ်ကြီးနား- ဗန်းမော်ကားလမ်းမပေါ်ရှိ စစ်ကောင်စီ စခန်းတစ်ခုဖြစ်သော ကန်တောင်ယန် (ဂန်တောင်ယန်) စခန်းအနီးတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် လိုင်ဇာရှိ အေအေ စခန်းတစ်ခုတွင် ကျရောက်ပေါက်ကွဲ၍ အသက် ၂၇ နှစ်အရွယ် တပ်သား မောင်ဘိုဆန်းဖြစ်ကြောင်း  တစ်ဦးကျဆုံးခဲ့သလို စက်တင်ဘာလ(၂၈) ရက်က စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုအတွင်း မုန်လိုင်ခက်စခန်းတွင် ကျရောက်ပေါက်ကွဲ၍ AA မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး သေဆုံးခဲ့ပြီး  အလတ်စား၊ အပြင်းစား ဒဏ်ရာရရှိသူတချို့ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ