အင်္ဂါ၊ မေလ ၇ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးသို့ ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း မယူကမ်းရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒုံးပိုက်နှင့် ချိန်ခါလီကျေးရွာအနီးကို ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းရရှိသည်။

လက်ရှိတွင် ရသေ့တောင်မြို့ရှိ (၅၃၆) တပ်မှ  တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒုံးပိုက်၊ ချိန်ခါလီကျေးရွာ အနီးကို စစ်ကောင်စီ တပ်မှ လက်နက်ကြီးများဖြင့် မနက် ၆ နာရီကျော်ခန့်ကစတင်ပြီး ပစ်ခတ်နေခြင်းဖြစ်သည်။

 

"လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အခုလည်းပစ်နေတယ်။ အကြိမ် ၁၀ ကျော်ပြီ။ မနက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးဝန်းကျင်ကို လှမ်းပစ်နေတာ။ ဒေသခံတွေလည်း ထွက်ပြေး လာနေကြရပါတယ်" ဟု ဒုံးပိုက်ကျေးရွာသား တစ်ဦးက ပြောသည်။

 

လက်နက်ကြီးပစ်ခတ်၍ ချိန်ခါလီ၊ ဒုံးပိုက်စသည့်ကျေးရွာများမှ ဒေသခံပြည်သူများမှာ မယူတောင် အနီးရှိ  အောင်ဗလ၊ ဆင်ပိုက်၊ ပေါက်တောပြင်စသည့်ကျေးရွာများဘက်သို့ ထွက်ပြေးလာနေကြပြီး ထွက်ပြေးလာသည့် လူဦးရေစာရင်းအတိအကျနှင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ် ကို အတိအကျမသိရသေးဟု ဆိုသည်။

 

"လူတွေကတော့ ထွက်ပြေးလာနေကြတယ်။ ဘယ်လောက်ရှိလည်း ဆိုတာ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရရမှုတွေလည်း မသိရသေးဘူး။ ဒီဘက်ကိုရောက်မှ အသေးစိတ်ကို သိရမယ်။ လက်နက်ကြီးတွေက ဆက်ပြီး လှမ်းပစ်နေသေးတယ်" ဟု ဆင်ပိုက်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 

ယနေ့နိုဝင်ဘာလ ၁၃ရက်၊ နံနက် ၅ နာရီက ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့် စခန်းများကို ရက္ခိုင့်တပ်တော် (AA) က စတင်ဝင်ရောက်ခိုက်ပြီး တစ်နာရီကျော်ခန် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြကာ ဒုံးပိုက်စခန်းကို ရက္ခိုင်တပ်တော် (AA)က ပွဲဦးထွက် သိမ်းပိုက်လိုက်ပြီးဖြစ်သည်ဟုလည်း သိရသည်။(NN-12)

ဆက်စပ် သတင်းများ