ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မင်းပြား ဖားပြိုကျေးရွာအနီး စစ်ကောင်စီယာဥ်တန်းကို AA ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.4k

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲတွင်လည်း ယနေ့မနက်ပိုင်းကရက္ခိုင့်တပ်တော်(AA) နှင့်စစ်ကောင်စီတို့နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟုဒေသခံများကပြောသည်။

မင်းပြားမြို့နယ် ဖားပြို(အောက်)ရွာအနီး ရှိ ပြည်ထောင်စုကားလမ်းမကြီးတွင်သွားလာနေသည့် စစ်ကောင်စီယာဥ်တန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင် အာရက္ခစစ်သည်တော်များက လိုက်လံ ပစ်ခတ်တိုက်ခတ်ရာမှ နှစ်ဘက်အပြန်အလှန်ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖားပြိုကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ပြောသည်။

" အောက်ဖားပြိုရွာနားက ကားလမ်းမှာသွားနေတဲ့စစ်တပ်ကားတွေကို AA ကတိုက်ခိုက်တာ။ အဲဒီကနေ နှစ်ဘက်ပစ်ခတ်မှုဖြစ်ခဲ့တာပါ" ဟုပြောသည်။

ယနေ့မနက် နာရီကျော်အချိန်လောက်က အဆိုပါကျေးရွာအနီး ကားလမ်းပေါ်သွားနေသည့် စစ်ကောင်စီကား စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနှစ်ဖက်ထိတွေ့ပစ်ခတ်မှုအတွင်း နှစ်ဖက်အထိအခိုက်အကျဆုံးကို နိရဥ္စရာအနေဖြင့် မသိရှိရသေးပါ။

ယနေ့ နိုဝင်ဘာ ၁၃ရက် နံနက်  ၈နာရီခန့်က စတင်ပြီး  မင်းပြားမြို့နယ် ဖားပြိုရွာနားတွင် စစ်ကောင်စီဘက်က စစ်ကားနှစ်စီးအား ရက္ခိုင့်တပ်တော်(AA)ဘက်မှသိမ်းပိုက်နိုင်ခဲ့နိုင်ခဲ့သည်ဟု အေအေနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

" ဖားပြိုရွာနားမှာ စကစ ကားနှစ်စီးကို သိမ်းနိုင်ခဲ့တယ်။ ဘယ်စစ်ကောင်စီ တပ်ကလဲဆိုတာ နယ်မြေရှင်းလင်းမှသိရမယ်" ဟုပြောသည်။

လက်ရှိတွင် မင်းပြားမြိုနယ်၊ မေလွမ်းရွာနှင့် ကြက်ယက်‌ကျေး အနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဦးနှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

" ဖားပြိုနားမှာ စကစ တပ်ရှိတယ်။ အဲဒီနားမှာ စကစကားတွေ မိုင်းနဲ့ တိုက်ခံရတယ်ကြားတယ်။ တိုက်ပွဲပြင်းထန်နေတယ်" ဟုပြောသည်။

လူသားချင်းစာနာထောက်ထားမှုအရ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က စတင် ယာယီရပ်နားထားခဲ့သည့် ရခိုင်တိုက်ပွဲသည် ယနေ့ နိုဝင်ဘာလ ၁၃ ရက်မနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်တွင် တစ်ဖန်ဖြစ်ပွားရာမှ ပြန်လည် စတင်ခဲ့သည်။

ယနေ့ နံနက် နာရီအချိန်လောက်က ရသေ့တောင်နယ်ခြားစောင့်စခန်းများဖြစ်သည့် ချိန်ခါလီစခန်းနှင့် ဒုံးပိုက်စခန်းတို့ကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယခုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါသည်။  (NN-11 and NN 23 )

ဓာတ်ပုံ- ယခင် ရခိုင်တိုက်ပွဲအတွင်းက အေအေက စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ပုံဟောင်းသာဖြစ်ပါသည်။

ဆက်စပ် သတင်းများ