တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် စစ်ကားတစ်စီးတိမ်းမှောက်၍ စစ်သား ၄ ဦးဒဏ်ရာရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်သားအယောက် ၂၀ ခန့် လိုက်ပါလာသော စစ်ကားတစ်စီးတိမ်းမှောက်၍ စစ်သား ၄ ဦးဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

အဆိုပါစစ်ကောင်စီကားသည် ယနေ့ ဒီဇင်ဘာ ၁၄ ရက်၊ နေ့လယ်ခန့်က စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာမှထွက်လာစဉ် စစ်တွေ-ရန်ကုန်ကားလမ်းမရှိ ရွှေကျားရက္ကန်းစက်ရုံရှေ့သို့အရောက်တွင် တိမ်းမှောက်သွားခဲ့ပြီး စစ်သား ၄ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

"စစ်သားအယောက် ၂၀ လောက်ပါတယ်။ ဘတ်တံဆိပ်ကိုမသိရတော့ ဘယ်တပ်ကမှန်း မသိရဘူး။မှောက်သွားတာလည်း မှန်တယ်" ဟုပြောသည်။

အဆိုပါ စစ်ကားမှောက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့် စစ်သား ၄ ဦးကို စစ်တွေမြို့နယ်၊ ရေချမ်းပြင်ရှိ ခုတင်(၁၀၀)စစ်တပ်ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု စစ်တွေဒေသခံတစ်ဦးက‌ နိရဉ္စရာကို ပြောသည်။

"ခုတင် ၁၀၀ ဆေးရုံကိုတင်သွားတယ်။ ဆေးကုသမှုခံနေတယ်လို့ သိရတယ်"ဟု ပြောသည်။

အဆိုပါစစ်ကောင်စီကား မည်သည့်အတွက်တိမ်းမှောက်သွားသည်ကို မသိရှိရပါ။(NN-11) 

 

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ