သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ARSA နှင့် ARA အကြမ်းဖက်အုပ်စုများသည် စစ်ကောင်စီဆီမှာ သင်တန်းတက်ပြီး AA ကို တိုက်ခိုက်မှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

(သမာသမတ်ရှိသည့် မူဆလင်ဘာသာရေးခေါင်းဆောင်များအနေနှင့် မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်ဟု ယုံကြည်မျှော်လင့်ကြောင်း တပ်တော်ပြောခွင့်ရသူဆို)

ခိုင်လူလှ (ရိုးမမြီ)/ နိရဉ္စရာ၊ ဧပြီ ၁၄/၂၀၂၄

ARSA နှင့် ARA အကြမ်းဖက်အုပ်စုများသည် ခုကဲ့သို့ စစ်ပွဲပြင်းထန်နေသည့် အချိန်တွင်  စစ်ကောင်စီဆီတွင် သင်တန်းတက်ပြီး  စစ်ကောင်စီကတပ်ဆင်ပေးသည့် လက်နက်များကိုင်ဆောင်ကာ  စစ်ကောင်စီနှင့် ပူးပေါင်း အာရက္ခတပ်တော် ( AA) ကိုတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။

ဘူးသီးတောင်မြို့တဝိုက် လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့ သူ၏ တယ်လီဂရမ်လူမှုစာမျက်တွင် ထိုသို့ ရေးသားဖော်ပြထားခြင်းဖြစ်သည်။

၎င်းလက်နက်ကိုင်များကို ဘူးသီးတောင်မြို့တွင်းနှင့် ဆက်စပ်ရွာတချို့  တပ်ဖြန့်ချထားပြီး ရခိုင် မုန်းတီးရေး ညာသံပေး အော်ခိုင်းနေမှုများလည်းရှိကြောင်း ဖော်ပြသည်။

အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ အစွန်းရောက် အကြမ်းဖက်မူဆလင်စစ်သွေးကြွ တချို့ကို စစ်သင်တန်းပေး လက်နက်တွေတပ်ဆင်ပေးနေပါတယ်။ ဒီလက်နက်ကိုင်တွေကို ဘူးသီးတောင် မြို့တွင်းနဲ့ ဆက်စပ်ရွာတချို့မှာ တပ်ဖြန့်ချထားပြီးတော့ ရခိုင်မုန်းတီးရေး ညာသံပေး အော်ခိုင်း နေတာတွေရှိပါတယ်။” 

အခုလိုစစ်ပွဲပြင်းထန်နေတဲ့အချိန်မှာ ARSA နှင့် ARA အကြမ်းဖက်အုပ်စုတွေဟာ စစ်ကောင်စီဆီမှာ သင်တန်းတက်၊ စစ်ကောင်စီကတပ်ဆင်ပေးတဲ့လက်နက်တွေယူ၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျနော်တို့ကို တိုက်ခိုက်နေတာရှိပါတယ်ဟု ဖော်ပြထားသည်။

၎င်းလုပ်ရပ်မှာ အလွန်အန္တရာယ်များပြီး ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ဒါဟာ အထူးအန္တရာယ်များတဲ့ စစ်ကောင်စီရဲ့နိုင်ငံရေးကစားကွက်၊ စစ်ရေးမသမာမှုတွေနှင့် ဒေသတွင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေကို ပုံစံအမျိုးမျိုးနှင့် ဖန်တီးပြီးတော့ ဘာသာရေးလူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာဖြစ်ပါတယ်ဟုဆိုသည်။

ဧပြီ ၁၁ ရက်နေ့က ဘူးသီးတောင်မြို့ပေါ်တွင် ရခိုင်လူမျိုးနှစ်ဦးကို စစ်ကောင်စီနှင့် စစ်သွေးကြွ မူဆလင်အကြမ်းဖက်သမားများက ကျူးလွန်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခ ပြောဆိုသည်။

လွန်ခဲ့တဲ့ ၁၁//၂၀၂၄ နေ့ကလဲ ဘူးသီးတောင်မြို့ထဲမှာ လည်လှီးသတ်ဖြတ်ခံထားရတဲ့ ရက္ခိုင်လူမျိုး လူငယ် ယောက်ရဲ့အလောင်းကိုတွေ့ပါတယ်။ ဒီလူသတ်မှုဟာ စစ်ကောင်စီနှင့် စစ်သွေးကြွ မူဆလင် အကြမ်းဖက်သမားတွေက ကျူးလွန်တာဖြစ်ပါတယ်။” 

ဘူးသီးတောင်မြို့ပေါ်တွင် နေထိုင်သူ ရခိုင်လူမျိုးအများစုမှာလည်း စစ်ကောင်စီနှင့် စစ်ကောင်စီ သင်တန်းပေး လက်နက်တပ်ဆင်ထားပေးထားသော မူဆလင်စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုကြောင့် မြို့ထဲကထွက်ပြေးသွားခဲ့ကြပါပြီဖြစ်သည်ဟု ဆိုသည်။

ဘူးသီးတောင်မြို့ပေါ်မှာရှိနေတဲ့ ရက္ခိုင်လူမျိုးအများစုဟာ စစ်ကောင်စီနှင့် စစ်ကောင်စီသင်တန်းပေး လက်နက်တပ်ဆင်ထားပေးထားတဲ့ မူဆလင်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကြောင့် မြို့ထဲက ထွက်ပြေးသွားခဲ့ကြပါပြီ။” 

ခု ဘူးသီးတောင်မြို့ထဲက ရက္ခိုင်အိမ်တွေကို စစ်ကောင်စီနှင့် သူတို့သင်တန်းပေး လက်နက် တပ်ဆင်ထားတဲ့ မူဆလင်လက်နက်ကိုင်တွေက တန်ဖိုးရှိပစ္စည်းတွေကိုဖောက်ထွင်းခိုးယူတာ၊ နေအိမ်တွေကိုဖျက်စီးတာတွေကို နေ့စဉ်ရက်ဆက်လုပ်နေကြပါတယ် ဟုဆိုသည်။

၎င်းပြင် မြို့ထဲတွင် ကျန်နေခဲ့သည့်  ဟိန္ဒူဘာသာဝင်တချို့ကိုလဲ အပြင်ထွက်ခွင့်မပေးဘဲ မူဆလင်လက်နက်ကိုင်များက အသက်အန္တရာယ်ခြိမ်းခြောက်မှုများရှိသည်ဟု ပြောဆိုသည်။

မြို့ထဲမှာကျန်နေတဲ့ ဟိန္ဒူဘာသာဝင်တချို့ကိုလဲ အပြင်ထွက်ခွင့်မပေးဘဲ မူဆလင် လက်နက်ကိုင် တွေက အသက်အန္တရာယ်ခြိမ်းခြောက်နေတာရှိပါတယ်။

မူဆလင် စီးပွားရေးသမားတချို့နှင့် ဘာသာရေးခေါင်းဆောင်တချို့ဟာ သူတို့ရဲ့အကျိုးစီးပွားအတွက် စစ်ကောင်စီဖက်ကရပ်တည်ပြီးတော့ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်နေတာတွေရှိပါတယ်။  စစ်သွေးကြွတွေကတော့ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းသွားဖို့အခြေအနေရှိပါတယ်။

ယခုလုပ်ရပ်မှာ မူဆလင်များအားလုံး ပူးပေါင်းလုပ်ကိုင်နေခြင်း မဟုတ်ကြောင်း၊ သမာသမတ်ရှိသည့်  မူဆလင် ဘာသာရေးခေါင်းဆောင်တွေအနေဖြင့်  အမှန်တရားကိုပြောပြီး  မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု  ယုံကြည်ကြောင်း ပြောဆိုသည်။

မူဆလင်တွေအားလုံးစစ်ကောင်စီနှင့်ပူးပေါင်းတာတော့မဟုတ်ပါဘူး။  သမာသမတ်ရှိတဲ့ မူဆလင် ဘာသာရေးခေါင်းဆောင်တွေအနေနှင့် အမှန်တရားကိုပြောပြီးတော့ သူတို့ မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်။

အာရက္ခတပ်တော်အနေဖြင့် အပြစ်မဲ့ပြည်သူများကို လုံးဝအကာအကွယ်ပေးသွားမည်ဖြစ်ပြီး  အပြစ်ရှိသူများကို  စစ်ကာလနှင့်အညီ လိုအပ်ရင် လိုအပ်သလို ပြတ်ပြတ်သားသား တုံ့ပြန်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပြောဆိုသည်။

ကျနော်တို့ အာရက္ခတပ်တော်အနေနှင့်ကတော့ အယင်ရပ်တည်ချက်အတိုင်းပါဘဲ အပြစ်မဲ့ ပြည်သူတွေကို လုံးဝအကာအကွယ်ပေးသွားမှာဖြစ်ပါတယ်။  အပြစ်ရှိတဲ့သူတွေကိုတော့ အရေးယူသွားမှာဖြစ်ပါတယ်။ စစ်ပွဲကာလမှာတော့ စစ်ကာလနှင့်အညီ လိုအပ်ရင်လိုအပ်သလို ပြတ်ပြတ်သားသားတုံ့ပြန်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ