(ရက်ပေါင်း ၂၀ကျော်အတွင်း ဖမ်းဆီးခံ၇သူ ၂၀၀ ကျော်အထိရှိ)
သဉ္ဇာနွယ်.နိရဉ္စရာ၊ ဇွန်၅/၂၀၂၄
ရခိုင်ပြည်၊စစ်တွေမြို့နယ်၊ ကျပ်တောပြင်ကျေးရွာမှ လူငယ် ၆ ဦးကို ဇွန်လ ၄ ရက် ညအချိန်ကစစ်ကောင်စီမှဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံ၇သူများမှာ ကိုထွန်းနိုင်ဝင်းအသက် (၂၄)နှစ်၊ အောင်တိုင် ကျေးရွာမှ ကိုမိုးဒီ အသက်(၂၄)နှစ်ခန့်၊ ကိုမောင်ပြား အသက်(၃၀)နှစ်ခန့်၊ ကိုကျော်ကျော် အသက်(၂၃)နှစ်၊ ကိုထွန်းလင်း အသက် (၂၅)နှစ်နှင့် ကို ငြိမ်းငြိမ်းလင်း အသက် (၂၁)နှစ်တို့ ဖြစ်သည်။
စစ်တွေမြို့နယ်မှ ဒေသခံတစ်ဦးက "အခုစစ်တွေမှာစစ်ကောင်စီက အာဏာပြနေတာကြာပြီ။ ရွာက လူတွေကိုအကြောင်းမဲ့ သူတို့ ဧည့်စာရင်း စစ်တယ်။ ဟိုမေးဒီမေး မသင်္ကာရင် မထင်ရင် မထင်သလို ဖမ်းတယ်။ မနေ့ကညက အောင်တိုင်ရွာမှာတပ်စွဲထားတဲ့ စစ်သားတွေ ရွာတွေကို ဝင်မွှေပြီး ဖမ်းသွားတာ။ အကုန်လုံးက အသက်၂၀ကျော်။ ၃၀ လောက်တစ်ယောက်ပါတယ်။ " ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။
ယမန်နေ့ ဇွန်လ ၄ ရက် ည အချိန် ၉ နာရီတွင် အောင်တိုင်ရွာတွင်တပ်စွဲထားသည့် စစ်ကြောင်းမှ စစ်အင်အား ၅၀ နီးပါးခန့်သည် ရွာထဲသို့ ဧည့်စာရင်း စစ်သည့်ဟန်ပြုလုပ်ကာ ဝင်ရောက်လာပြီး ၎င်းတို့ ၆ ယောက်ကို လာရောက်ဖမ်းဆီးသွားသည်။
“သူတို့ကရွာမှာ အေးအေးဆေးနေကြတဲ့သူတွေပါ။ ဘာနိုင်ငံရေး လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှလည်း မပတ်သက်ပါ။အခု ရခိုင်လူငယ်တွေဆိုရင် သူတို့က မသင်္ကာဘူး။ အေးအေးဆေးဆေးနေတဲ့ လူငယ်တွေကိုလည်း ဖမ်းတယ်။ရိုက်နှိပ်စစ်ဆေးတယ်။ ထောင်ချတယ် အေသလိုလုပ်နေတာ” ဟုပြောဆိုသည်။
စစ်တွေမှဖမ်းဆီးခံရသူအများစုမှာ ခလ၇(၂၀)နှင့် မြို့မရဲစခန်းတွင် ထိန်းသိမ်းခံရပြီး တချို့မှာငွေကြေးပေးလျှင် ပြန်လွတ်ပေးသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။
" ခလ၇(၂၀)ကိုခေါ်သွားရင် အဆက်အသွယ်ပြတ်တာများတယ်။ မြို့မရဲစခန်းမှာ ထားရင်တော့ပိုက်ဆံပေးရင်လွတ်တယ်။ အခုဖမ်းနေတာက လည်း စစ်တွေမှတ်ပုံတင်မဟုတ်တာကိုအကြောင်းပြပြီးဖမ်းတာပဲ။ တချို့ကလည်း အေအေနဲ့ဆက်စပ်မလားစစ်ဆေးတာတွေရှိတာပေါ့" ဟုပြောသည်။
ပြီးခဲ့သည့် မေလ၁၅ရက်နှင့် ၁၆ ရက်ကလည်း စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီကဧည့်စာရင်းစစ်ဆေးပြီး စစ်တွေမှတ်ပုံတင် ၁၁/ စတန (နိုင်) မဟုတ်သူများ၇ဟန်း၊သံဃာအပါအဝင် အယောက်၁၀၀ကျော်ဖမ်းဆီးခံပြီး တချို့မှာ ပြန်လွတ်လာပြီး အများစုမှာအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိ၇သည်။
ပြီးခဲ့သည့် မေလ ၂၉ရက်နေ့ မှ ၃၁ ရက်နေ့အထိစစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးတို့စစ် ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးအမျိုးသား ၁၀၀နီးပါးကိုလည်း စစ်ကောင်စီ ခလ၇ (၂၀)သို့ ဖမ်းဆီးခေါ်ဆောင်သွားကြေ