ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ဟိုင်ကြီးကျွန်း အနောက်ဘက် ရေမိုင် ၂၂၅ မိုင်ကို ဗဟိုပြုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 522

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၃/၂၀၂၄

ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် ဟိုင်းကြီးကျွန်းမြို့ ၏ အနောက်ဘက် ရေမိုင် ၂၂၅ မိုင်ခန့်ကို ဗဟိုပြုနေသည်ဟု မိုး/ဇလက ယနေ့ အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့ ၏ အနောက်ဘက် ရေမိုင် ၂၂၅ မိုင်ခန့်ကို ဗဟိုပြုနေသည်ဟု ဆိုသည်။

အဆိုပါ အင်အာပြင်း မုန်တိုင်းငယ်သည်အိန္ဒိယနိုင်ငံကဆိုလျှင် အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သည်ဟု ဆိုသည်။ 

ယနေ့ညနေအထိခန့်မှန်းချက်မှာ  ကယားပြည်နယ်တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တွင် နေရာ ကျဲကျဲ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊  ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းဖြင့်လည်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ