- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် မြန်မာနိုင်ငံရှိ ထောင်အသီးသီးကနေ ပြန်လည် လွတ်မြောက်လာသည့် မွတ်ဆလင် ၄၀၀ ကျော်အား ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် ပြန်လည်နေရာချပေးနေသည်ဟု သိရသည်။
ထောင်ထဲကလွတ်လာသူ မောင်တောမြို့နယ်မှ ၃၆၁ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၇၉ ဦး ( စုစုပေါင်း ၄၄၀ ဦး) အား စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်တွင် စစ်တွေမှတဆင့် ဘူးသီးတောင်သို့ အောင်တံခွန်နှင့် ရွှေပြည်တန်ရေယာဉ်တို့ဖြင့် ပို့ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက အိမ်တိုင်ရာရောက် နေရာချပေးနေသည်ဟု လဝကရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
လက်ရှိတွင် မောင်တောမြို့နယ်မှ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၉၇ ဦး စုစုပေါင်း ၃၆၁ ဦးအား နေရာ ချပေးနေကြောင်း ၎င်းက ပြောသည်။
"သူတို့က ဘင်္ဂလာဘက်ကို ထွက်ပြေးသွားတဲ့ မောင်တောနယ်က မွတ်ဆလင်တွေလို့ သိရပါတယ်။ သူတို့ကို သူတို့မိသားစု၊ ဆွေမျိုးအိမ်တွေကို ပို့ပေးတာပါ။ မောင်တောမြောက်ပိုင်း ရွှေဇားဘက်ကို နှစ်စီး၊ အောက်ရွာ/ဖယ်စီရွာဘက်ကို တစ်စီး၊ ကညင်တန်းဘက်ကို နှစ်စီးထွက်သွားတာ တွေ့ပါတယ်။ စုစုပေါင်း ကား ၇ စီးနဲ့ ပို့ဆောင်ခဲ့တာပါ"ဟု ပြောသည်။
ဘူးသီးတောင်မြို့နယ်မှ အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၇၉ ဦးကိုလည်း သူတို့ ယခင်နေထိုင်ခဲ့ရာ ဘူးသီးတောင်မြို့နယ်တွင် နေရာချပေးသွားမည်ဟု သိရသည်။
အမည်မဖော်လိုသူ လ၀က ဝန်ထမ်းတစ်ဦးကလည်း ထိုသို့ နေရာချပေးနေသည်ကို အတည်ပြု ပြောဆိုသည်။
“သူတို့တွေကို
ရောက်တာနဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့က သက်ဆိုင်ရာ
မြို့နယ်လဝကရုံးတွေမှာ စစ်ဆေးခဲ့ပြီးနောက်
နေရပ်အသီးသီးသို့ တေဘာကားတွေနဲ့ အိမ်တိုင်ယာရောက် လိုက်လံပို့ဆော
ယခုလွတ်မြောက်လာသူ မွတ်ဆလင် ၄၄၀
ဦးသည် တရားမဝင် မလေးရှားကို သွားရာမှ မြန်မာနိုင်ငံ အနှံ့ဖမ်းဆီးခံရသူများဖြစ်ကြသည်ဟု
သိရသည်။
၎င်းပြင် ပြီးခဲ့သည့် ဩဂုတ်လ
၁ ရက်က စစ်ကောင်စီ၏လွတ်ငြိမ်းချမ်းသာခွ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား
၁၀၈ ဦး၊ အမျိုးသမီး ၃ ဦး ၊ ပေါင်း ၁၁၁ ဦးအား နှစ်နိုင်ငံ လွှဲပြောင်းလက်ခံရေး
ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့မလွှဲပြောင်းမီကာလအတွင်း
ဘူးသီးတောင် အကျဉ်းထောင်၌ ခေတ္တယာယီထိန်းသိမ်းထားကြောင်း
စစ်ကောင်စီက သြဂုတ်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁
ရက်၊ ဝါဆိုလပြည့်နေ့တွင် စစ်ကောင်စီသည်
မြန်မာနိုင်ငံရှိ အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့်
အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။
ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(
ဓာတ်ပုံ - ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလက လွတ်ငြိမ်းခွင့်ရ မွတ်ဆလင်များအား ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့စဉ်။