- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
(ခရီးသွားလာခွင့်ကို ပိတ်ပင်တားမြစ်မှုရှိဟုဆို)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အရပ်ဘက်အဖွဲ့အစည်းနှစ်ခုကို စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဝင်ရောက်ရှာဖွေခဲ့ပြီး စစ်ကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ ခရီးသွားလာမှုမပြုလုပ်ရန် တားမြစ်ထားသည်ဟု သတင်းရရှိသည်။
ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးက " ကျွန်တော်တို့ ရုံးကို
ဝင်လို့စစ်ပြီးတော့ သူတို့ ခွင့်ပြုချက် မရှိဘဲ ခရီးတွေဘာတွေမသွားနဲ့ မလုပ်နဲ့ဆို
စစ်ဆေးခံရသည့် အဖွဲ့အစည်းနှစ်ခု အမည်ကို လုံခြုံရေးကြောင့် ထုတ်ဖော် မပြောနိုင်သော်လည်း လက်ရှိတွင် တာဝန်ရှိသူများမှာ တိမ်းရှောင်နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
ဝင်ရောက်စစ်ဆေးသည့်နေ့က ၎င်းအဖွဲ့အစည်း၏ တာဝန်ရှိသူအကြီးပို
ရခိုင်ပြည်နယ်တွင် အုပ်ချုပ်ရေး အပိုင်းတွင် အစိုးရနှစ်ရပ်ဖြစ်နေပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရ နှစ်ဘက်စလုံး၏အရိပ်အကဲကို သတိထားကာ လုပ်ဆောင်နေရသည်ဟု သူက ဆက်ပြောသည်။
"အစိုးရနှစ်ရပ်ကြားမှာအလုပ်လုပ်
လက်ရှိ ရခိုင်မှအရပ်ဘက်အဖွဲ့အစည်းများ
"တချို့ကလည်း အပြစ်မရှိပေမဲ့ စစ်ကောင်စီနဲ့မပတ်သက်ချင်လို့ ရှောင်နေကြတာတွေလည်း ရှိတယ်။ တရားဝင်မှတ်ပုံတင်ရှိရှိ မရှိရှိ သူတို့က မထင်ရင်မထင်သလို လုပ်မှာ။ သတိကြီးကြီးထားပြီးလုပ်နေကြရတယ်
ရခိုင်ပြည်နယ်စစ်ကောင်စီအနေဖြင့် ယခင်ကပင် အရပ်ဘက်အဖွဲ့အစည်းများကို လူသားချင်း စာနာ ထောက်ထားမှု၊ အကူအညီများ ပေးဆောင်ရာတွင် ၎င်းတို့၏ခွင့်ပြုချက်မရဘဲ မဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ထားပြီးသား အဖွဲ့အစည်း
ထို့အပြင် ပြီးခဲ့သည့်မတ်လအတွင်းကလည်း ပြည်နယ်စစ်ကောင်စီအဖွဲ့က ရခိုင်ရှိအရပ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် လုံ/နယ်ဝန်ကြီးတို့က တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်း
ထို့အပြင် ပြည်နယ်စစ်ကောင်စီသည် စစ်တွေရှိ ဟိုတယ်၊ တည်းခိုခန်း၊ မိုတယ်များ အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်ကစပြီး UN၊ INGO၊ NGO အဖွဲ့အစည်းများက သင်တန်းများ လက်ခံဆောင်ရွက်မည်ဆိုပါက မကျင်းပမီ တစ်ပတ်ကြိုတင်ကာ ပြည်နယ်စစ်ကောင်စီသို့ တင်ပြရမည်ဟု စစ်တွေရှိ ဟိုတယ်၊ တည်းခိုခန်းများထံသို့ အကြောင်းကြားစာပေးပို့ထားသည်။
ထိုသို့စစ်ကောင်စီ၏တားမြစ်မှုများကြောင့် အဖွဲ့အစည်းလုပ်ငန်းများ ဆောင်ရွ
စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်ကလည်း စစ်တွေမြို့ရှိ Development
Media Group (DMG) သတင်းဌာနမှ သတင်းထောက်တစ်ဦးနှင့် ရုံးစောင့်တစ်ဦးကိုဖမ်းဆီးအမှု
ဓာတ်ပုံ- ပုံဟောင်း