- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
( လက်ရှိစစ်သင်တန်း တက်ရောက်နေသည့် မွတ်
အေးမြတ်ခိုင်/နိရဥ္စရာ၊ မတ်လ ၂၆/၂၀၂၄
ရခိုင်ပြည်မြို့တော် စစ်တွေမြို့နယ်မှ မွတ်ဆလင် ၂၀ ကျော်ကို စစ်ကောင်စီက စစ်မှုထမ်းရန် ထပ်မံဖမ်းဆီးသွားကြောင်း သိရသည်။
ယနေ့ မတ်လ ၂၆ ရက် နေ့လယ် ၂ နာရီခွဲတွင် စစ်တွေမြို့ ၊ အောင်မင်္ဂလာရပ်ကွက်လမ်းထိပ်တွ
အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက "စစ်တွေဘက်ကလာတဲ့ တုတ်တုတ်(အိန္ဒိယသုံးဘီး)ပေါ်မှ
ယင်းအပြင် ယမန်နေ့ မတ်လ ၂၅ရက်၊ နံနက် ၇ နာရီ ၅၀ မိနစ်တွင် စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာမှ အမျိုးသား (၁၀)ခန့်ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။
နောက်ပြီး ဘာဆာရာ နှင့် မှော်သီးညှာ မွတ်ဆလင်ကျေးရွာများမှ ဒေသခံအမျိုးသားများကိုလည်း လာရောက်ဖမ်းဆီးသွားပြီး ဘာဆာရာရွာမှ ၉ ဦးဖမ်းဆီးသွားသည့်အနက် ၅ ဦးမှာ
ထွက်ပြေး လွတ်မြောက်သွား၍ မိသားစုဝင်များကို ခြိမ်းခြောက်ထားကြောင်း စစ်တွေမှာ မွတ်ဆလင် လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
"မှော်သီးညှာကတော့ ၄ ယောက်ပါ။ ဘာဆာရာက ၉ ယောက်ဖမ်းသွားတဲ့အထဲက ၅ ယောက်က ထွက်ပြေးသွားလို့ ၄ ယောက် ပါသွားတယ်။ အဲ့ဒီ ၅ ယောက်ကို လာမအပ်ရင် လာဝန်မခံရင် မိသားစုတိကို ရိုက်မယ်နှက်မယ်ပြောထားပါတယ်။ နောက်ထပ်တခြားရွာတွေကလည်း စစ်မှုထမ်းဖို့ ဖမ်းတယ်လို့ကြားနေရပေမယ့် အတည်ပြုလို့ မရသေးပါဘူး"ဟု ပြောသည်။
ရခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေးအရ မည်သည့်ပြဿနာမှမရှိဘဲ သဟဇာတ
ဖြစ်အောင်နေထိုင်လိုသော်
"စစ်မှုထမ်းဥပဒေက နိုင်ငံသားဖြစ်မှုနဲ့သက်ဆိုင်ပါ
စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်းရှိ ဓားပိုင်၊ ဘောဒူဘစသည့် မွတ်ဆလင်ကယ်ဆယ်ရေး
စခန်းများအပြ
စစ်ကောင်စီက စစ်တွေမြို့နယ်အတွင်းမှ ရက်တိုစစ်သင်တန်းပေးထားသည့် မွတ်ဆလင်များအား ရသေ့တောင်မြို့သိမ်းတိုက်ပွဲတွ
ယင်းအပြင် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင်လည်း ရာနှင့်ချီသည့် မွတ်ဆလင် လူငယ်၊ လူလတ်ပိုင်းအရွယ်များကို စစ်မှုထမ်းထမ်းရန် ဖမ်းဆီးမှုများရှိနေသည်ဟု သိရသည်။