- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
အိမ်စိုးဖြူ၊ နိရဉ္စရာ၊ မေ ၃၁/ ၂ဝ၂၄
စစ်တွေမြို့ ဆင်ခြေဖုံးတွင် တည်ရှိသည့် ဗျိုးဖြူရွာတွင် လက်ရှိ ဖြစ်ပေါ်နေသော အကြမ်းဖက်မှုအတွင်း စစ်ကောင်စီ၏ လူမဆန်သည့် သတ်ဖြတ်မှုကြောင့် ရခိုင်အဆိုတော် ဦးကျော်လှနှင့် သားဖြစ်သူတို့ပါဝင်ပြီး အသတ်ခံခဲ့ရပြီး အနည်းဆုံး လူပေါင်း ၃၀ ကျော် အသတ်ခံထားရပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ယခုကဲ့သို့ လူပေါင်း ၃၀ ကျော်ခန့်ထိ အသတ်ခံထားရပြီဖြစ်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် အရေအတွက် အတိအကျကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
သို့သော် အကြမ်းဖက် စစ်ကောင်စီတပ်သည် ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်ဖြင့် ဗျိုင်းဖြူရွာမှ ဖမ်းဆီးခံထားရသူ အမျိုးသားများအား အင်္ကျီများကို ချွတ်ခိုင်းပြီး ရခိုင်အမျိုးသားရေးဆိုင်ရာပုံများ၊ စာသားများကို တက်တူးထိုးထားသူများအား ရွေးချယ်ကာ သေနတ်များဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောပြချက်အရသိရသည်။
“ ဗျိုင်းဖြူရွာက အမျိုးသားတွေကို အင်္ကျီတွေ ချွတ်ခိုင်းတယ်။ သူတိုရဲ့ ခန္ဒာကိုယ်ပေါ်မှာ AA နာမည်တို့၊ သာလီစွတို့၊ ရခိုင်အောင်လံတော်ပုံတွေကို ထိုးထားတဲ့သူတွေကို သေနတ်တွေနဲ့ ပစ်သတ်တယ်။ နေရာမှာဘဲ ပွဲချင်းပီးသေတယ်” ဟု ထွက်ပြေးလာသူ အရပ်လူကြီးတစ်ဦးက ပြောသည်။
ရခိုင်မြို့တော် စစ်တွေကို အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် စစ်တွေမြို့ဆင်ခြေဖုံးရပ်ကွက်များကို ဝင်ရောက်စစ်ဆေးပြီး ယခုကဲ့သို့ သတ်ဖြတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နောက်ထပ် အမျိုးသမီးကြီး တစ်ဦးက “ အဆိုတော ဦးကျော်လှနဲ့ သားဖြစ်သူ အသတ်ခံရတယ်။ သားဖြစ်သူ နာမည်တော့ မရဘူး။ လူ ၅၀ လောက် အသတ်ခံရတယ်လို့ သတင်းရတယ်။ အိမ်တွေကိုလည်း မီးရှို့နေတယ်။ အခု ဗျိုင်းဖြူရွာကို မီးရှို့တာက နောက်ဆုံး၊ ကျေးတောပိုက်ဆိပ်၊ မလောင်ရွာအားလုံး အဲဒီဘက် တစ်ခြမ်းလုံး အရင်ကတည်းက စစ်တပ်က မီးတိုက်ပစ်ပြီ”ဟု ပြောသည်။
မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်သည် ဗျိုင်းဖြူရွာထဲကို ဝင်ရောက်လာပြီး
ရခိုင်တွင် ၎င်းတို့ စစ်ရှုံးနေမှုကို အငြိုးထားကာ ရွာသားများကို ယခုကဲ့သို့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း၊ ယနေ့ မေလ ၃၁ ရက်နေ့ကို ရွာကလူတွေ အကုန်လုံး တစ်ယောက်မကျန်
ထွက်ရမည်ဟု အမိန့်ပေးလာသဖြင့် အားလုံးကို ရွာကနေ ထွက်ခွာခဲ့ရကြောင်း၊ ယင်းနောက်ပိုင်း
ဗျိုင်းဖြူရွာကို မီးရှို့နေခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။
ဗျိုင်းဖြူရွာကို
ယနေ့ မေလ ၃၁ ရက် ညနေ ၆
နာရီဝန်းကျင်ခန့်ကစစ်ကောင်စီက ရွာလုံးကျွတ် ထပ်မံမီးရှို့နေပြီး
ဖမ်းဆီးခံထားရသည့် အရပ်သား လူ ၃ဝ ဝန်းကျင်ခန့် သေဆုံးသွားပြီဟု
စစ်တွေမြို့မှ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးကလည်း နိရဉ္စရာသတင်းဌာနအား ဆက်သွယ်ပြောသည်။
“အခုပဲ သေဆုံးသွားတဲ့ လူရဲ့အမျိုးသမီး
ယနေ့ ညနေပိုင်းက ဗျိုင်းဖြူရွာဘက်က မီးခိုးလုံးများတက်လာသည်ကို မြင်တွေ့ရကြောင်း နောက်ထပ်စစ်တွေမြိုခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။
“ ညနေပိုင်းက ကျွန်တော်ရေချိုးနေတဲ့အချိန် အဲဒီဘက်က မီးခိုးတွေနည်းတာကြီးမဟုတ်ဘူး။ ကောင်းကင်ပေါ် တက်လာတာတွေ့ပါတယ်။ အဲဒီရွာလားတော့မသိပါဘူး။ မီးတော့အတော်များ ပါတယ်” ဟုပြောသည်။
အဆိုပါကိစ္စနှင့်
ပတ်သက်၍ ဗျိုင်းဖြူတွင် နေထိုင်သူတချို့အားဆက်သွယ်ရာတွ
ယနေ့ မေလ
၃၁ ရက်နေ့တွင် အမျိုးသမီး၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုတချို့ကို စစ်တွေမြို့
ဝင်္ကဘာကွင်းအတွင်းသို့ စစ်ကောင်စီက ကားများဖြင့် လာရောက်ပို့ဆောင်ခဲ့သည်ဟုလည်း မျက်မြင် ဒေသခံများက ပြောဆိုသည်။
၎င်းလွတ်မြောက်လာသူမိသားစုဝင်မျ
(ဓာတ်ပုံ- ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရဲရိုးပြင်ကျေးရွာ စစ်တပ်က မီးရှို့၍ မီးလောင်နေပုံ/ ပုံဟောင်း)