- Web Master
- ၀၉ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်
မိုခါမုန်တိုင်းပြီးနောက် နှစ်လကျော်ကြာ ရုံးထိုင်ခဲ့ကြသည့်
စစ်ကောင်စီဝန်ကြီးများအါအဝင် တာဝန်ရှိသူများ ပြန်သွားကြပြီဖြစ်၍
လျှပ်စစ်မီး နာရီနှင့်ချီကာ
ပြတ်တောက်မှုများ
ရှိလာနေသည်ဟု
ဒေသခံများက ပြောသည်။
ယခုရက်ပိုင်းအတွင်း
ပြန်လည်ပြတ်တောက်မှုဖြစ်ပေါ်လာ
“ဒီနေ့တော့ နေ့လယ်
၁ နာရီကျော်လောက်ကနေ ပြတ်သွားတာ။ ၂ နာရီခွဲလောက်မှာ ပြန်ရတယ်။ ဒီရက်ပိုင်း
မီးပြတ်တာ ၄ ကြိမ်လောက်ရှိပြီ။ မနေ့ညကဆိုလည်း ညနေ ၇ နာရီလောက်ကနေပြတ်တာ ည
၁၁ နာရီမှ ပြန်ရတယ်။ အရင်နေ့တွေမှာလည်း မနက်ပိုင်း ထမင်းချက်ချိန်မှာ ၁
နာရီလောက်စီ ပြတ်တယ်”ဟု
ပြောသည်။
အချို့ မြို့ပေါ်ရပ်ကွက်များတွင်
ဇူလိုင်လ ၂၆ ရက်မှစတင်ကာ နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌
နာရီအတော်ကြာ လျှပ်စစ်မီးပြတ်တောက်ခြင်းများ
“ကျနော်တို့ရပ်ကွက်မှာဆို မနေ့ကလည်း
မနက် ၉ နာရီကျော်ကနေ ပြတ်တယ်။ နေ့လယ် ၂ နာရီမှ ပြန်လာတယ်။ ဒီနေ့လည်း မနက် ၁ဝ
နာရီကနေ ပြတ်တာ နေ့လယ် ၂ နာရီမှ ပြန်လာတယ်။ မီးကတော့ ပုံမှန်လို ပြတ်လာပြီ”ဟု ပြောသည်။
စစ်တွေတွင် မိုခါမုန်တိုင်းပြီးနောက်
ဇွန်လ ၇ ရက်မှစတင်ကာ ပြီးခဲ့သည့်ရက်ပိုင်းအထိ လျှပ်စစ်မီး ၂၄ နာရီ
အချိန်ပြည့် ရရှိနေခဲ့ခြင်းဖြစ်သည်။
ယင်းအချိန်က
စစ်ကောင်စီပြည်ထောင်စုဝန်ကြီးဌာ
လက်ရှိတွင် အဆိုပါဌာနပေါင်း
၁ဝ ကျော်အနက် ဌာန နှစ်ခုမှ ဒုတိယဝန်ကြီးနှစ်ဦးမှအပ ကျန်ဝန်ကြီးများနှင့်
တာဝန်ရှိသူများသည် ယခုအပတ်အတွင်း စစ်တွေမှတဆင့် နေပြည်တော်သို့ ပြန်သွားကြပြီဟု
ရခိုင်ပြည်နယ်စစ်ကောင်စီရုံးနှ
အဆိုပါဝန်ကြီးများနှင့် တာဝန်ရှိသူများ
စစ်တွေတွင် ရှိနေခဲ့ချိန် လျှပ်စစ်မီး ပြတ်တောက်မှု တစ်ကြိမ်တစ်ခါမျှ
မရှိခဲ့ဟုလည်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့ကို
အမြဲခေါ်ထားရမလိုဖြစ်နေပြီ”ဟု
ပြီးခဲ့သည့်မေလ ၁၄
ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှု
လက်ရှိတွင်
အဆိုပါမြို့ ၁ဝ မြို့တွင် လျှပ်စစ်မီးရရှိနေပြီဖြစ်သော်
ဓာတ်ပုံ - မုန်တိုင်းပြီးနောက် ၂ လကျော်အကြာ စစ်တွေမြို့မြင်ကွင်းအား တွေ့ရစဉ်။