- Web Master
- ၂၁ သြဂုတ် ၂၀၂၄
နိရဥ္စရာ၊ အောက်တိုဘာ ၁၂/၂ဝ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် နေထိုင်သူ သူမ၏အမျိုးသားအား အောက်တိုဘာ ၅ ရက် ညဉ့်အချိန် ဧည့်စာရင်းစစ်စဉ် ဖမ်းဆီးသွားပြီး နောက်တစ်ရက်အကြာ အောက်တိုဘာ ၆ ရက်နေ့တွင် သေဆုံးသွားပြီဟု ALP ရုံးက တစ်ယောက်က ဖုန်းဆက်လာသဖြင့် သူမ၏ အမျိုးသားအတွက် စိုးရိမ်နေရပြီး အဖြစ်မှန်ကို ပြောပြကြစေလိုသည်ဟု ဇနီးဖြစ်သူ ဒေါ်ဦးခင်သိန်းက ပြောသည်။
အသက် ၄၀ နှစ် အရွယ် ဒေါ်ဦးခင်သိန်းသည် သူမ၏ အမျိုးသားဖြစ်သူ ဦးလေမောင်သိန်း (၄၂) နှင့် အတူ ပြီးခဲ့သည့်အောက်တိုဘာလ ၅ ရက် ည ၁၁နာရီအချိန် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ဆီဆိုင်တန်းနောက်ဘက်ကို ဧည့်စာရင်းစစ်ရာတွင် ဖမ်းဆီးခံခဲ့ရသည်။
ဧည့်စာရင်း စစ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်ပြီး သူမတို့ နှစ်ဦးအား ရပ်ကွက်တွင်းရှိ ALP ရုံးသို့ ခေါ်ဆောင်ခံခဲ့ရသည်ဟု သူမက ပြောဆိုသည်။
“ ကျွန်မတို့
လင်မယားနှစ်ယောက်ကို ဧည့်စာရင်း မတိုင်ဘူးဆိုပြီးဖမ်းတယ်။ ဖမ်းပြီးတော့ ရပ်ကွက်အတွင်းက
ALP ရုံးကို
ယူဆောင်လာခဲ့တယ်။ အဲဒီရုံးက တစ်ဆင့်ရဲကားနဲ့ ကျွန်မကို စစ်တွေမြို့မ ရဲစခန်းကို ခေါ်ဆော
စစ်တွေအမှတ် (၁) ရဲစခန်းတွင် သူမအား ချုပ်နှောင်ထားစဉ် အမျိုးမျိုးစစ်ဆေးမေးမြန်းခဲ့ပြီး တစ်ရက်အကြာ အောက်တိုဘာ ၆ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။
“ကျွန်မကို စစ်တွေ အမှတ် (၁)စခန်းမှာ ချုပ်နှောင်ပြီး စစ်ဆေးတယ်။ အမျိုးသားက ဘာလုပ်လဲ၊ ဘယ်ကလဲ။ အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ။ အဲဒါတွေကိုမေးတယ်။ နောက်တစ်ရက် အကြာ အောက်တိုဘာ ၆ ရက်နေ့မှာတော့ ကျမကို ပြန်လွှတ်ပေးလိုက်တယ်”ဟု ပြောသည်။
ဦးလေမောင်သိန်းကိုမူ
စစ်ကားပေါ်တင်၍ မည်သည့်နေရာသို့ခေါ်ဆောင်သွား
“ကျမ ပြန်လွတ်လာပြီးနောက် စက်ရုံစုရပ်ကွက်မှာရှိတဲ့ ALP ရုံးက တစ်ယောက်က ဖုန်းနဲ့ ဆက်သွယ်လာပြီး ၆ ရက် ညနေ ၆ နာရီလောက်မှာ ဦးလေမောင်သိန်းဟာ ALP ရုံးမှာဆုံးသွားပြီဖြစ်လို့ ည ၈ နာရီလောက်မှာ သင်္ဂြိုလ်ဖို့လုပ်နေကြတယ်လို့ ဆက်သွယ်လာတာရှိတယ်။ အဲသလို ဆက်သွယ်လာပေမယ့် မသွားရဲလို့ ကျမတို့က ALP ရုံးကို သွားမမေးဖြစ်ဘူး။ တကယ်သေသွားတယ် ဆိုရင်လည်း အဖြစ်မှန်ကို ပြောပြကြစေလိုပါတယ်”ဟု သူမက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ ဒုဗိုလ်မှူးကြီးကျော်ဇောကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ယခုကိစ္စမှာ ALP နှင့် ပတ်သက်မှုလည်းမရှိသလို ပါဝင်ဆောင်ရွက်ခဲ့ခြင်းလည်း မရှိဟု နိရဥ္စရာကိုပြောသည်။
"ကျနော်တို့ဘက်က
ဒီကိစ္စနဲ့ လုံးဝမပတ်သက်ပါဘူး။
ကျနော်တို့အနေအထားကလည်း ဒီကိစ္စမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိဘူး။
ဧည့်စာရင်းဝင်စစ်တာဆိုတော့ ရဲနဲ့ လဝကနဲ့ပဲသက်ဆိုင်မယ်။ ကျနော်တို့က
ဒီအစိုးရနဲ့ပူးပေါင်းဆောင်ရွက်
ဒေါ်ဦးခင်သိန်းကမူ
သူမ၏ အမျိုးသားအား စစ်ကားပေါ်တင်၍ ခေါ်ဆောင်သွား
“သူ သေသေ၊ ရှင်ရှင် ကျမတို့ကတော့ တိတိကျကျတစ်ခုကို သိချင်ပါတယ်။ ALP ရုံးမှာလား၊ စစ်တပ်မှာလား တိတိကျကျသိချင်တယ်။ မိသားစုတွေလည်း အရမ်းကြောင့်ကြနေကြတယ်။ အမေဖြစ်သူကလည်း လုံးဝကို ထမရောက်တော့ဘူး။ သူ့မှာအပြစ်ရှိတယ်ဆိုရင်လည်း ကျမတို့ကတော့ အပြစ်ပေး။ တရားဥပဒေနဲ့အညီ အပြစ်ဒဏ်ပေး။ အဲလိုတောင်းဆိုချင်ပါတယ်။ ပြီးတော့ ဘယ်နေရာမှာရှိတယ်၊ ဘယ်နေရာမှာမရှိဘူးဆိုတာ သိချင်ပါတယ်။ အဖြစ်မှန်ကို ပြောပြကြဖို့ တောင်းဆိုပါတယ်”ဟု သူမက ပြောဆိုသည်။
ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားပြီဟု သတင်းထွက်နေသည့် ဦးလေမောင်သိန်းသည်
ပေါက်တောမြို့နယ် ဂြင်းချောင်းကျေးရွာဇာတိဖြစ်ပြီ