- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညဉ့်အချိန်တွင် နေအိမ်များထဲသို့ ဝင်ရောက်ကာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) အုပ်ချုပ်ရေးအဖွဲ့ဝင်များအား နာမည်နှင့်တကွ ရှာဖွေမှုများပြုလုပ်နေသည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ကျောက်ဖြူအခြေစိုက် ခလရ (၃၄) တပ်ရင်းမှ ဗိုလ်ကြီး အောင်စေသူမိုး ဦးဆောင်သည့် အင်အား ၃၀ ခန့် ပါဝင်သည့် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုသည် ဇင်ချောင်းကျေးရွာမှ ကုန်ဘောင်ကြီး၊ ဝက်တိုးပြင်၊ ဆယ်အိမ်စု၊ ကုန်ဘွေ၊ ဘောလုံးကွင်း၊ တောင်ရင်းနှင့် နေပြည်တော် အစရှိသည့် ကျေးရွာအုပ်စုများကို ညဥ့်အချိန်တွင် ဝင်ရောက်ကာ ULA အဖွဲ့များအား စုံစမ်းမေးမြန်းနေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သူတို့က ညဥ့် ၈ နာရီဆိုရင် ရွာထဲကို ဝင်ပါပြီ။ ညဥ့် ၉ နာရီကနေ ညဥ့် ၂ နာရီထိ စစ်ပါတယ်။ နှစ်ဖွဲ့၊ သုံးဖွဲ့ခွဲပြီးတော့ ဝင်ပါတယ်။ အိမ်တွေကို တံခါးဖွင့်ပြီးတော့ ဝင်ကြပါတယ်။ မွေကြတယ်။ တစ်နေ့တုန်းကဆိုရင် အိမ်တစ်အိမ်မှာ လူတွေမရှိဘူး။ သူတို့ဇာတ်ပွဲသွားကြတယ်။ အဲဒီအိမ်ပြီးတော့ နောက်အိမ်တွေလည်း ဝင်ကြတယ်။ AA က အကောင်တွေရောက်လားဆိုပြီးတော့ မေးပါတယ်။ စစ်သားတစ်ယောက်တစ်လေဆိုရင် အရက်သောက်ပြီး မူးပြီးတော့ ပြဿနာတွေရှာကြတယ်။ ရွာသားတွေကို ရိုက်မယ်နှက်မယ် တကဲကဲ လုပ်ကြပါသေးတယ်”ဟုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဇင်ချောင်းစစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့တွင် အခိုင်အမာစခန်းချပြီး တပ်စွဲနေကြခြင်း ဖြစ်သည်ဟုလည်း သူကဆက်ပြောသည်။
“စစ်ကောင်စီရုံးနဲ့ ရဲစခန်းက ကပ်လျက်ပဲ။ သူတို့ အဲဒီနေရာ နှစ်ခုမှာ တပ်စွဲပြီးတော့ နေနေကြတာ။ ရဲစခန်းနဲ့ စစ်ကောင်စီရုံးကို သူတို့အပိုင်ယူထားတာ။ စစ်ကားတွေလည်း ထားတယ်” ဟုဆိုသည်။
ညဉ့်အချိန်တွင် ယခုကဲ့သို့
ဇင်ချောင်းကျေးရွာထဲမှ နေအိမ်များကို ဝင်ရောက်ကာ AA တပ်ဖွဲ့ဝင်များ ရှိလားဆိုပြီး
စစ်ဆေးမေးမြန်းခံရသည်များ ရှိသည့်
“အိမ်ထဲကို တံခါးတွေဖွင့်ပြီးတော့ ဝင်တယ်။ အိမ်မှာရှိတဲ့သူတွေကို မျက်နှာတွေကို ဓာတ်မီး ထိုးပြီးတော့ ကြည့်တယ်။ ခြံထဲတွေကို အကုန်လုံးပတ်ကြည့်တယ်။ အဲလိုမျိုး။ တံခါးတွေကိုလည်း သူတို့ကိုယ်တိုင် အတင်းအဓမ္မဖွင့်ဝင်ကြတာ။ နာမည်တွေနဲ့တကွမေးတယ်။ ဒီကောင်တွေရှိလား ဒီရွာမှာ။ ဒီအိမ်မှာ ဒီကောင်တွေရောက်လားဆိုပြီးတော့ မေးကြတယ်။ သူတို့ဝင်ချင်တဲ့ အိမ်ကို ရွေးဝင်ကြတယ်။ ဒီလိုမျိုး လာစစ်ကြတော့ မဆီမဆိုင် ဖမ်းခံရမှာကို ပိုပြီးတော့ ကြောက်ရပါတယ်” ဟု ဇင်ချောင်း ကုန်ဘွေရွာသားတစ်ဦးကပြောသည်။
ယခုကဲ့သို့ ဇင်ချောင်းကျေးရွာတွင်
ULA အုပ်ချုပ်ရေးအဖွဲ့ဝင်များကို
စစ်ကောင်စီတပ်က ရှာဖွေနေခြင်းမှာ ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်
မဟာမိတ်(၃)ဖွဲက ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး မစတင်မီအချိန်ကတည်းကဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းတွ
“သူတို့က
နေ့ဘက်မှာဆိုလည်း ဇင်ချောင်းကားဂိတ်နားမှာ စစ်တယ်။ ဆိုင်ကယ်ဘောက်တွေကို ဖွင့်စစ်
ကားဂိတ်အနီးတွင် နေထိုင်သည့် ဒေသခံများကို စစ်ဆေးခြင်းမရှိသော်လည်း လမ်းသွားလမ်းလာများအား စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်တည့်ပြီး စစ်ဆေးနေသည်ကို မြင်လျှင် စစ်ဆေးသည့်နေရာ အနီးအနားကို ဖြတ်သန်းမသွားလာရဲကြဟုလည်း ပြောကြသည်။
ကျောက်ဖြူတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများတွင်သာမက မြို့ပေါ်ရှိ ကရင်တော၊ အရာရှိနှင့် ပြင်ဖြူမော် အစရှိသည့် ရပ်ကွက်များတွင်လည်း ညအချိန်၌ နေအိမ်များသို့ဝင်ရောက်ကာ စစ်ဆေးခြင်းများရှိသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့်
၂၀၂၂ ခုနှစ်က AA နှင့်
စစ်ကောင်စီတပ်တို့ဖြစ်ပွားခဲ့
ဓာတ်ပုံ- ပုံဟောင်း