တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

စစ်ကောင်စီမှ ညအချိန် သံတွဲလင်းသီကျေးရွာကို လက်နက်ကြီးပစ်ခတ်၍ ဒေသခံ ကမန်လူမျိုး ၇ ဦး ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 2k

(ဒဏ်ရာရသူ ​နောက်ထပ် ၃ ဦးလည်း ဆေးရုံယူဆောင်စဉ် သေဆုံးသွားဟုဆို)

 လူထက်နိုင် (ဒွါရာမြီ) နိရဥ္စရာ ၊မေ ၁၄ /၂၀၂၄

 

ရခိုင်ပြည် သံတွဲမြို့ လင်းသီကျေးရွာတွင် မေ ၁၄ရက် ညအချိန်မတော် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ ကမန်လူမျိုး   ဦးသေဆုံးသွားကြောင်း ဒေသခံများမှ နိရဥ္စရာ ကိုအတည်ပြုသည်။

 

ယခုသေဆုံးမှုသည် သံတွဲမြို့တွင် စစ်ကောင်စီလက်နက်ကြီးကျ၍ ပထမဦးဆုံးပွဲချင်းပြီးသေဆုံး မှုဖြစ်ကြောင်းသိရသည်။

 

သေဆုံးသွားသောသူများမှာ  ဦးမှာ ဦးညီလေး (၄၇နှစ်) မငယ်လေး (၂၅) နှစ်၊ အပုလေး (၂၁) နှစ်၊ ဦးမောင်လေး (၂၆) နှစ်၊ မမေပု (၂၇) နှစ်၊ ဦးမောင်တင်ညွန့် (၄၇) နှစ် နှင့် မမေ လီရန် (၇၅) နှစ်တို့ဖြစ်ကြသည်။

 

ဒဏ်ရာ ရရှိသူများမှာ ဒေါ်သန်းသန်း (၆၃) နှစ်၊ ဒေါ်မညံ့ (၅၅) နှစ် ဦးအောင်ကျော်ဝင်းမိန်းမနှင့် ကလေ တို့မှာ အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများ ပြောကြားချက်အရသိရှိရသည်။

 

လင်းသီရွာသည် သံတွဲမြို့မြောက်ဘက်တွင် ၁၇ မိုင်ခန့် အကွာတွင် တည်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိကာ ကမန်လူမျိုးအများစု နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။

 

၎င်းလင်းသီရွာသို့ ၈နာရီ ခွဲခန့်တွင် လက်နက်ကြီးကျည်များ ကျရောက်လာခဲ့ပြီး ဒေသခံ အမျိုးသား ဦးနှင့် အမျိုးသမီး ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး လက်ပြတ်ထွက်သွားကာ တခြားထိခိုက်ဒဏ်ရာရသူများ လည်းရှိကြောင်း ဒေသခံများက   ၉ နာရီ ၃၀ မိနစ်တွင် နိရဉ္စရာသတင်းဌာနသို့ အတည်ပြုသည်။

 

တစ်ရက်လုံးမပစ်ဘူးရေစင်ဖက်ကိုပဲပစ်နေတာလေညဖက်လူတွေ အမှတ်တမဲ့ဖြစ်တဲ့အချိန်မှာ လာပစ်တာ။ ရွာထဲမှာစစ်သားတွေလဲရှိတော့ သေတဲ့သူတွေရဲ့အိမ်တွေကို မသွားရဲကြသေးဘူး တော်တော်ရက်စက်တာဗျာမိသားစုတစ်ခုမှာဆို ကလေးပဲအသက်ရှင်တယ်ရမ်းသမ်းပစ်နေတာ ပြည်သူတွေရွာက ရှောင်ဖို့ဆိုရင်လည်း စစ်တပ်ကခွင့်မပြုဘူးလေဟု ဒေသခံတစ်ဦးကပြောသည်။

 

စကစ လက်နက်ကြီးကြောင့် ပွဲချင်းပြီး ထိခိုက်ဒဏ်ရာရသော လူနာများမှာ ပြင်းထန်သဖြင့် သံတွဲဆေးရုံသို့ ပို့ဆောင် သွားကြောင်း သိရှိရသည်။ ဆေးရုံ ယူဆောင်သွားသူများအထဲက နောက်ထပ် ၃ ဦးသေဆုံးသွားသည်ဟု ဒေသခံများက ဆက်သွယ် ပြောဆိုလာသည်။

 

အဆိုပါလက်နက်ကြီးများအား သံတွဲမြို့ရှိဘားဒေါင့်တောင်နှင့် ကွင်းဝိုင်းရေတပ်တို့မှပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

 

ရွှေလှေတံတားထိပ် လင်းသီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား ၂၀၀ ကျော်မှာ အာရက္ခတပ်တော်မှ ပိတ်ဆို့ထားသောကြောင့် သံတွဲမှလည်း တပ်ကူပို့မရဖြစ်နေကာ ကြောက်ရွံ့နေသဖြင့် ပြည်သူများကြား နေထိုင်ကာ လင်းသီကျေးရွာသားများကိုလည်း စစ်ရှောင်ခွင့် မပေး ကြောင်း သိရသည်။

 

ဒီမှာအသေခံရမလိုဖြစ်နေတာလေ လင်းသီရွာကထွက်ခွင့်မပေးဘူး။ အေအေရှိတဲ့နေရာသူတို့ သိတာပဲ ရင်ဆိုင်လေ တိုက်လေ ပစ်လေ ပြည်သူကိုပဲ ဒုက္ခလိုက်ပေးတာအေအေကိုကြောက်လို့ ရမ်းသမ်းပစ်နေတာ။ သေဆုံးတဲ့ အထဲမှာ  ဇီးတောမော်ပိုင်းကအိမ်က အဖွားကြီးတစ်ယောက်သေတယ် လက်ပြတ်တဲ့ သူထိချတဲ့သူလဲရှိ တယ်။ ရဲစခန်းနားကမိသားစုတွေလဲသေတယ်ဟုဒေသခံတစ်ဦး မှပြောသည်။

 

သံတွဲမြို့နယ်၊ အောက်နတ်မော်ကျေးရွာသို့လည်း မေလ ၁၃ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ တပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ နေအိမ်တလုံး မီးလောင်ကျွမ်းပြီး၊ အရပ်သား ၃ဦး ဒဏ်ရာရခဲ့သေးသည်။

 

ထို့အတူ ပြီးခဲ့သည့် မေလ ၉ရက်က အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်စတွင် ရွှေလှေတိုက်နယ်၊ လင်းသီကျေးရွာလမ်းခွဆုံ တဝိုက်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး အရပ်သားတဦး ခါးဆစ်ရိုး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်သို့ သွားရောက်ကုသနေစဉ်သေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။

 

ယခုရက်ပိုင်းအတွင်း ၂ဖက်တိုက်ပွဲမရှိပဲ သံတွဲမြို့အထွက် ဘားတောင်းတောင်နှင့် သံတွဲမြို့ပေါ် ရပ်ကွက်များအနီးရှိ သူခိုးစမ်းတောင်ကြောမှနေ၍ ဟောင်ဝှစ်ဇာအမြှောက်များနှင့် အဆက်မပြတ် ပစ်ခတ်နေပြီး ရွှေလှေတိုက်နယ်၊ ဇီးကျွန်းနှင့် တလိုင်းတဲကျေးရွာအစပ်ရှိ ကွင်းပြင်များသို့ ကျရောက်ခဲ့ကြောင်း ရွှေလှေတိုက်နယ်‌ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ် သတင်းများ