စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

ခမရ (၅၆၆)တပ်ရင်းမှ မိသားစုနှင့် အတူ တပ်သားတချို့ AA ထံ လက်နက်ချအညံ့ခံပြီး တချို့မှာ ခလရ (၅၅)ကို ပူးပေါင်းသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 9.4k

( AA ထိန်းချုပ်ထားသည့် လေဆိပ်နှင့် ခမရ(၅၆၆)တပ်ရင်း အနီးတဝိုက်ကို လည်း Y-12 ဖြင့် ဗုံးကြဲ၍ တိုက်ပွဲပြင်းထန်နေ) 

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၂၄/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ခမရ(၅၆၆)တပ်ရင်းမှ မိသားစုနှင့်အတူ တပ်သားတချို့ အာရက္ခတပ်တော်ထံ လက်နက်ချအညံ့ခံပြီး တချို့မှာ ခလရ(၅၅)သို့ ပူးပေါင်းသွားကြကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

၎င်းက "  ခမရ(၅၆၆)က  လက်နက်ချ အညံ့ခံလာတဲ့ သူတချို့ရှိတယ်။ မိသားစုဝင်တွေပါပါတယ်။ အကုန်လုံး မဟုတ်ဘူး။တချို့ကတော့ ခလရ(၅၅)ကိုပူးပေါင်းသွားကြတယ်။ အညံ့မခံအထဲမှာ ဗိုလ်အဆင့် အထက် ရာထူးကြီးတွေပါလား။ ဘယ်နှစ်ယောက်လဲဆိုတာ လက်ရှိအချိန်မှာ မသိရသေးဘူး" ဟုပြောသည်။

သံတွဲမြို့နယ်၊ ငပလီတပ်ရင်း ခမရ(၅၆၆)မှ စစ်‌‌ ကောင်စီတပ်သားတချို့ လက်နက်ချအညံ့ခံလာသဖြင့် ယနေ့ နေ့လယ်ပိုင်းမှစ၍ အာရက္ခတပ်တော်မှ ခမရ (၅၆၆)ကို ထိန်းချုပ်ထားပြီဟု ဆိုသည်။

“ ဒီကနေ့ ညနေ ၃နာရီခန့်မှာ  Y-12‌ လေယာဥ်နဲ့  လေယာဉ်ကွင်းအနီးတဝိုက်နဲ့ တပ်ရင်း ၅၆၆ တပ်တွင်းကိုရော တိုက်ပွဲ ဖြစ်နေတဲ့ နေရာအနီးတဝိုက်ကိုရော  စစ်ကောင်စီမှ  ဗုံးကြဲ တိုက်ခိုက်တယ်။  နေဗီတွေကလည်း အဲဒီနေရာ အနီးဝန်းကျင်ကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိနေပါတယ်” မြို့ခံတစ်ဦးက ပြောသည်။

ခလရ(၅၅)ပူးပေါင်းသွားသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်မှ ရှင်းလင်းနေသဖြင့် တိုက်ပွဲမှာ ပြင်းထန်နေပြီး လေယာဉ်ဖြင့် ဗုံးကြဲမှုများလည်း ရှိနေသည်ဟု သိရသည်။

ငပလီမြို့ခံအမျိုးသားတစ်ဦးက" ၃နာရီလောက်ကတည်းက Y-12နဲ့ရော ခလရ(၅၅)ကရော လေယာဉ်ကွင်းအနီးတစ်ဝိုက်နဲ့ ခမရ (၅၆၆)ကိုတောက်လျှောက်ပစ်နေတာ။ အထိအခိုက် မသိရသေးဘူး။ နေဗီကလည်းပစ်တယ် " ဟုပြောသည်။

အာရက္ခတပ်တော်မှ ခမရ(၅၆၆)နှင့်ခလရ(၅၅)တပ်ရင်း နှစ်ခုကို  လက်နက်ချ အညံ့ခံပြီး အလံဖြူ ထောင်ရန်နှင့် ပြန်တိုက်မည်လားဟု လော်စပီကာဖြင့် မေးမြန်းပြီးနောက် ယခုကဲ့သို့ (၅၆၆) တပ်ရင်းမှ စစ်ကောင်စီတပ်သားတစ်ချို့မှာ အာရက္ခတပ်တော်ထံ လက်နက်ချအညံ့ခံပြီး အလံဖြူ ထောင်လာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ 

ဆက်စပ် သတင်းများ