- Web Master
- ၂၉ သြဂုတ် ၂၀၂၄
နိရဉ္စရာ၊ အောက်တိုဘာ ၁၇/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအုပ်စု၊ ကျောက်စာတိုင်(ခမီ) ကျေးရွာ အတွင်းသို့ ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲမှ လက်နက်ကြီးကျည်များကျရောက် ပေါက်ကွဲသဖြင့် ရွာသား ၃၀၀ ကျော်သည် ရွာကိုစွန့်ခွာကာ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာကြသည်ဟု သတင်းရရှိသည်။
ယမန်နေ့အောက်တိုဘာလ ၁၆ရက် နံနက် ၆ နာရီဝန်းကျင်က ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင် ကျေးရွာနှင့် ကျောက်စာတိုင်ကျေးရွာအနီးတို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
၎င်းတိုက်ပွဲက ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ကျောက်စာတိုင်(ခမီ)ကျေးရွာ အတွင်းသို့ ကျရောက်ခဲ့သဖြင့် ကျေးရွာသားများမှာ ရွာကို စွန့်ခွာထွက်ပြေးလာကြရသည်ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။
"ဂူတာပြင်။
ကျောက်စာတိုင်ပတ်ဝန်းကျင်မှာ မကြာမကြာဖြစ်တယ်။ ဖြစ်နေတာလည်းကြာပြီ ရက်ပေါင်း
၁၀လောက်ရှိပြီ ဖြစ်နေတာ။ မနေ့ကမနက်တိုက်ပွဲထဲက လက်နက်ကြီးကျည်တွေကျတော့
ရွာလုံးကျွတ်ထွက်ပြေးလာရတယ်လို့
ထွက်ပြေးရှောင်တိမ်းလာရသည့် ကျောက်စာတိုင်(ခမီ)ကျေးရွာသားများသည် ဘူးသီးတောင်မြို့ပေါ်ရှိ ဂန္ဓာရီရွာသစ်(ခမီ)ရွာ၊ ဂန္ဓာရီဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြသည်ဟု သိရသည်။
"ဂန္ဓာရီကျောင်းမှာရောက်နေကြတယ်
ပြောသည်။
ကျောက်စာတိုင်(ခမီ)ကျေးရွာတွင် အိမ်ခြေ ၆၄ အိမ်၊ ကျား ၁၆၀ယောက်၊ မ ၁၄၈ယောက်ရှိပြီး စုစုပေါင်းလူဦးရေ ၃၀၈ဦးရှိကာ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များပါမကျန် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။(NN-12)
( Photo by We Love Khamee Page)