- Web Master
- ၂၉ သြဂုတ် ၂၀၂၄
(ငတ်နေသူတစ်ချို့လည်း ရှိနေဟုဆို)
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်
ပြင်ပမှ ထောက်ပံ့ကူညီမှုများမရရှိ၍ စားသောက်နေထိုင်ရေးသည် အလွန်တရာ ခက်ခဲနေပြီး ငတ်နေသူတစ်ချို့တောင် ရှိနေသည်ဟု ကာယကံရှင်
စစ်ဘေးရှောင်များက ပြောသည်။
ရသေ့တောင်မြို့ရှိ
ဓမ္မာရုံစစ်ဘေးရှောင်စခန်းမှ မဆန်းဆန်းနုက
"အပြင်မှာ
ထွက်လုပ်ရအောင်လည်း အမြဲတမ်းမလုပ်ရဘူး။ လူတွေက ငတ်နေကြပြီ။ WFP ကရတဲ့ငွေနဲ့
ဆန်ဝယ်တယ်။ အနီးအနားက
ဟင်းခူးစားတယ်။ အဝေးလည်း မသွားရဲဘူး။ နေရတာကလည်း ၉ ပေပတ်လည် အခန်းကျဉ်းမှာ တစ်မိသားစုနေရတယ်။ နေရထိုင်ရတာလည်း
ကျပ်တည်းတယ်။ လေကောင်းလေသန့် မရဘူး။ စားနပ်ရိက္ခာအတွက် ဖူလုံမှုရှိဖို့
အဓိကလိုချင်ပါတယ်" ဟုပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းကို
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရသေ့တောင်မြို့
အရှေ့မြောက်ရပ်ကွက်ရှိ ဓမ္မာရုံကျောင်းတိုက်၌ တည်ထောင်ထားခြင်းဖြစ်သည်။
၎င်းစစ်ဘေးရှောင်စခန်းတွင် ရသေ့တောင့်မြို့နယ်မှ
ထီးစွဲ၊ ကျောက်တန်း၊ အောင်မြေကုန်း နှင့် သောင်းဒရားရွာ
စသည့်ကျေးရွာ ၇ ရွာခန့်မှ အိမ်ထောင်စု ၁၈၁ စုရှိပြီး စုစုပေါင်းလူဦးရေ ၅၈၇
ဦး ခိုလှုံနေထိုင်ကြသည်။
ရသေ့တောင်မြို့ရှိ
ဓမ္မာရုံစစ်ဘေးရှောင်စခန်းတွင်
အလားတူ
မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း
ယင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ
ဦးမောင်မောင်သိန်းက "စာရေးသောက်ရေးတွေ
ကျပ်တည်းတာပေါ့။ မဖူလုံလို့ အချင်းချင်း ချေးငှားပြီးစားရတယ်။
အလုပ်တွေကရှားတော့လေ။ နေ့တိုင်းလည်း အပြင်ထွက်ပြီး မလုပ်ရဘူး"
ဟုပြောသည်။
အဆိုပါ
စစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့မှ ဝေသာလီ၊ ပေါက်တောပြင်၊
အုတ်ဖိုကန်၊ သရက်အုပ်၊ ရွာဟောင်းတောရွာတို့အပြင်
ကျောက်တော်မြို့မှ ပြိုင်းတိုင်း၊ အောင်သာယာ၊ တောင်ပွယ်၊
တင်းမတို့မှ အိမ်ထောင်စု ၁၆၀ ရှိပြီး စုစုပေါင်းလူဦးရေ ၆၇၃ ဦး ခိုလှုံနေထိုင်ကြသည်ဟု
၎င်းက ပြောသည်။
ထို့အတူ
ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်း
"လစဉ်ကြေး WFP ၃ သောင်းရတာလေးနဲ့
စားနေရတာ။ လိုက်လို့မမှီတော့။ ရင်းနှီးတဲ့ သူတွေဆီက အကြွေးဝယ်တယ်။
ပြန်မဆပ်နိုင်ရင် အပြောခံရတယ်။ သဘောထားချင်းမျှတတဲ့သူတွေဆို မပြောဘူးပေါ့။
စောင့်ပေးကြတယ်။ ကားတစ်စီးဝင်လာရင် လှူဖို့လာတာလားဆိုပြီး ပျော်သွားတာမျိုးတွေရှိတယ်"
ဟုပြောသည်။
အဆိုပါစခန်းတွင်
အိမ်ထောင်စု ၇ဝ၂ စုနှင့် လူဦးရေ ၃ ထောင်ကျော်ရှိသည်ဟု သိရသည်။
စစ်ဘေးရှောင်များအနေဖြင့် စခန်းပြင်ပသို့ထွက်၍
အလုပ်လုပ်မည်ဆိုပါက အလုပ်အကိုင်များမှာ အလွန်တရာ ရှားပါးလှသည့်အတွက်
ရေရှည်တွင် အငတ်ဘေးများကြုံတွေ့ရနိုင်သည်ဟု ပြောကြသည်။
၂ဝ၂၁ ခုနှစ်၊ စစ်တပ်က
အာဏာသိမ်းလိုက်ပြီးသည့်နောက်ပို
ရပ်ရွာအနီးနှင့်
တောတောင်တို့တွင် စစ်ကောင်စီက မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းမျ