အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

ပေါက်တောမြို့ပေါ်တွင် အေအေနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5.8k

စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်

ခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ်တွင်ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့ အကြားယနေ့ နေ့လယ်က စတင်ပြီး ပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသည်ဟုသတင်းရရှိသည်။

 

​ပေါက်တော ဒေသခံ တစ်ဦးကအခုတိုက်ပွဲဖြစ်နေပါတယ်။ ဖြစ်နေတာ တစ်နာရီကျော်လောက် ရှိပါတယ်။ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာပစ်တာ အခုအထိပါဘဲဟု ယနေ့ နေလယ် ၁ နာရီခွဲက နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

ပေါက်တောမြို့နယ်တွင် နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်တစ်စီးဖြင့် မြို့ထဲသို့ လက်နက်များဖြင့် အဆက်မပြတ် ပစ်ခတ်နေသည်ဟု ပေါက်တော ဒေသခံ အမျိုးသမီးတစ်ဦးကနိရဉ္စရာကိုပြောသည်။

 

" စကစက မြို့ထဲကို လေယာဉ်ပေါ်ကနေ  ပစ်နေတာပါ။ မြို့ထဲမှာပိတ်မိနေတဲ့သူတွေ ဘယ်လို လုပ်ရမလဲ မသိတော့ဘူး" ဟုပြောသည်။

 

လက်ရှိတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေပြီးတိုင်းပွဲပြင်းထန်နေသည်ဟု ​ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

 

"ကိုယ့်ဖက်ကလည်းပြန်ပစ်နေတယ်။ အပြန်အလှန်တိုက်ပွဲဖြစ်နေတာ။ ပြင်းထန်နေပါတယ်"ဟု ပြောသည်။

 

ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က  နိုဝင်ဘာလ ၁ ရက်၊ ညဥ့်အချိန်တွင် သိမ်းပိုက်ပြီးနောက်  နောက်တစ်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဥ်တစ်စီးဖြင့် မြို့ကို လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်က မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။

 

၎င်းတိုက်ပွဲ ဖြစ်ပွားပြီး ၅ ရက်မြောက်နေ့တွင်  ပေါက်တောမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အေအေက ထပ်မံတိုက်ခိုက်ခြင်း ဖြစ်သည်။  


ဓာတ်ပုံ- ပုံဟောင်း

ဆက်စပ် သတင်းများ