သဉ္ဇာနွယ်၊နိရဉ္စရာ၊ ဇွန် ၁၈/၂၀၂၄
ရခိုင်ပြည်၊မောင်တောမြို့အနီးဝန်းကျင်တွင်အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေကြောင်းသတင်းရရှိသည်။
မောင်တောမြို့ အနီးရှိ သီဟိုဠ်၊ ညောင်ချောင်း၊ ပဒန်း၊ ဒူ
" ဒီနေ့နေ့လယ်ကစပြီးတိုက်ပွဲပြင်းနေတာ။ နခခ(၅)ဖက်ကလည်း အတွဲလိုက်ရော့ကဒ်တွေနဲ့ ပစ်နေတယ်" ဟုပြောသည်။
တိုက်ပွဲပြင်းထန်နေပြီး နခခ(၅)မှလည်းလက်နက်ပစ်ခတ်နေသဖြင့် လက်နက်ကြီးကျည် တချို့သည် သီဟိုဋ် ကျေးရွာသို့ကျရောက်ကာနေအိမ်(၃)လုံးပျက်စီးကာ ထိခိုက်သေဆုံးမှုများရှိနေသည်ဟုမောင်တောဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
" လက်ရှိအချိန်ထိသိရတာကတော့သီဟိုဋ်ရွာမှာ လက်နက်ကျည်ကျလို့ အိမ်သုံးလုံးမီးလောင်တယ်။ လူတွေ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်"ဟုပြောသည်။
ယမန်နေ့က လည်း စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနှင့် လာရောက် ပစ်ခတ်မှုကြောင့် မောင်တောမြို့နယ်၊သီဟိုဋ်ကျွန်းရွာအုပ်စု၊ဟာဘီအနောက်ရွာမှ မွတ်ဆလင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
မောင်တောမြို့ထဲကိုလည်းအာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်တော့မည် ဖြစ်