အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

ရီစိုးချောင်းဗျူဟာမှ မညှင်းတောင်စခန်းတွင် လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော်တို့ တိုက်ပွဲဖြစ်ပွား​၊ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ရ


  • ရေးသူ: Web Master (NN 11,NN 23)
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း မညှင်းတောင်တွင် လာစုနေသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေရာမှ ရက္ခိုင့်တပ်တော်နှင့် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့်  ဒေသခံပြည်သူများမှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု သတင်းရရှိသည်။

လက်ရှိ မနက် ၁၀ နာရီ ၁၀ မိနစ်အချိန် ဆက်သွယ်မေးမြန်းချက်အရ ဒေသခံတစ်ဦးက” မနက် ၇ နာရီလောက်က မညှင်းတောင်စခန်းက လက်နက်ကြီး လက်နက်ငယ်နှင့် အနီးဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ပါတယ်။ တပ်တော်ဘက်က ပြန်ပစ်ခတ်တဲ့အတွက် နှစ်ဘက်  တိုက်ပွဲမိနစ် ၃၀ ဝန်းကျင်ဖြစ်ပွားခဲ့ပါတယ်။ မညှင်းတောင်စစ်ကောင်စီတပ်က လက်နက်ကြီးတွေ  တဖက်သတ် ရမ်းသန်းပစ်ခတ်နေဆဲဖြစ်ပြီး တပ်တော်ကတော့  ဝိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနက ပြောသည်။

ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာနှင့် အမျက်တောင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းကို စွန့်ခွာ ထွက်သွားပြီးနောက်  မညှင်းတောင်ရှိစစ်ကောင်စီတပ်နှင့် သွားရောက်ပူးပေါင်းခဲ့ကြသည်ဟု သိရသည်။


"  ရီစိုးချောင်း ဗျူဟာက စစ်သား ၁၀၀ ကျော်လောက်က မနေ့က မနက်ကတည်းက မညှင်းတောင် စခန်းမှာ သွားပေါင်းတယ်။ အမျက်တောင်မှာက စစ်သား ၇၀ ကျော်ဝန်းကျင်လောက်လည်း ဒီနေ့ မနက် ၇ နာရီလောက်မှာစခန်းကဆင်းလာပြီး မညှင်းတောင်မှာ သွားပေါင်းတယ်။ အခုသူတို့(စစ်ကောင်စီတပ်) မညှင်းတောင် စခန်းမှာပါ။ မနေ့ကတော့ AA ဘက်ကလူကြီးတွေကို လမ်းဖွင့်ပေးဖို့ကိစ္စ တောင်းခံတယ်လို့ ကြားပါတယ်။ ဒါပေမယ့် အဆင်မပြေကြဘူးလို့ ကြားပါတယ်" ဟု ၎င်းကပြောသည်။

လက်ရှိမညှင်းတောင်စခန်းတွင် စစ်အင်အား ၂၀၀ ကျော်ခန့်မှာ လက်နက်မချဘဲ ၄င်းတို့လိုရာ သွားခွင့်တောင်းနေ၍ ရက္ခိုင့်တပ်တော် AA က သွားခွင့်မပေးဘဲ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရသည်။

" သူတို့အခုလက်ရှိမညှင်းတောင်မှာပါ။ စစ်သားတွေကလက်နက်မချဘဲ လမ်းဖွင့်ပေးဖို့ တောင်းဆိုနေတယ်။ နဂိုကပဲ သူတို့က တပ်တော်ကို အသိပေးပြီး စခန်းကထွက်လာတာမဟုတ်ဘူး။ ပြီးတော့အခုလည်းလက်နက်မချဘဲသွားဖို့တောင်းနေတော့ ရက္ခိုင့်တပ်တော်က သူတို့ကို ဝိုင်းထားပါတယ်။ " ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါစစ်ကောင်စီတပ်မှာ ၄င်းတို့သွားလိုရာသို့လမ်းမဖွင့်ပေးပါက ဒေသခံကျေးရွာများကို လက်နက်ကြီးနှင့်ပစ်မည်ဟု ခြိမ်းခြောက်နေပြီး ဒရုန်းနှင့်ပစ်ခတ်မှုများပြုလုပ်ရာ မေယုမြစ် အနောက်ကမ်း  ကံပြင်ကျေးရွာတွင်ကျရောက်ပေါက်ကွဲမှုများရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

" ဒီစစ်သားတွေက စခန်းစွန့်ခွာလာတုန်းက ခွင့်ပြုချက်လည်းမယူခဲ့ဘူး။ပြီးတော့ စခန်းသွားပေါင်းတော့ ခုသူတို့ထွက်ပေါက်မရှိတော့လို့ ရွာဖက်ကိုလက်နက်တွေလှမ်းပစ်နေတယ်။စစ်ကောင်စီဖက်က လက်နက်တော့မချဘူး။ထွက်ပေါက်တော့တောင်းနေတယ်" ဟုပြောသည်။

၎င်းစစ်သားများသည် မညှင်းတောင်မှ တစ်ဆင့်  စစ်ကောင်စီ ဇက်ရေယာဥ်များဖြင့် မေယုမြစ်ကြောင်းအတိုင်း စစ်တွေမြို့သို့ ဆုတ်ခွာရန် စီစဉ်နေသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်က စစ်ကောင်စီတပ်ကို လက်နက်ချရန် အသိပေးထားပြီး တိုက်ပွဲဆက်ဖြစ်လာနိုင်သဖြင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများကပြော သည်။

ယမန်နေ့ဇန်နဝါရီလ ၁၄ ရက်မနက်ပိုင်းက ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်ခြား စောင့်စခန်းနှင့် စေတီကုန်းစခန်းတို့မှ စစ်သားများမှာ စခန်းစွန့်ခွာသွားခဲ့ကြသည်။ (NN- 11 and NN23)

ဆက်စပ် သတင်းများ