- Web Master
- ၀၇ စက်တင်ဘာ ၂၀၂၄
ပေါက်တောမြို့သို့ စစ်ကူအင်အားဖြည့်တင်းရန်လာသည့် စစ်သင်္ဘော ၃စီးကို အေအေက ပစ်ခတ် တိုက်ခိုက်မှုကြောင့် တစ်စီးထိမှန်ကာ အကျအဆုံးများဖြင့် နောက်ပြန်လှည့်သွားဟု ညီနောင်သုံးဖွဲ့၏ ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၁၀၂၇
စစ်ဆင်ရေး (၅၆) ရက်မြောက်နေ့ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး
ထုတ်ပြန်ရာတွင် ထိုသို့
ဖော်ပြထားသည်။
ဒီဇင်ဘာလ (၂၁)
ရက်နေ့၊ နေ့လယ် (၁) နာရီအချိန်ခန့်တွင် ပေါက်တောမြို့အတွင်း၌
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီ၏
လက်ကျန်တပ်ဖွဲ့ဝင်တစ်ချို့သည် မြို့တွင်းတိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီသည် ပေါက်တောမြို့သို့ လူအင်အား၊
လက်နက်အင်အား ဖြည့်တင်းရန် ကြိုးစားနေခဲ့သည်မှာ တစ်ပတ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း
ရက္ခိုင့်တပ်တော်မှ ဆက်လက်
ဖြတ်တောက်ထားဆဲပင်ဖြစ်ကြောင်း၊ ယနေ့တွင်လည်း စစ်သင်္ဘော (၃) စီးဖြင့် အင်အား ဖြည့်တင်းရန်လာခဲ့သော်လည်း မိမိတို့
ပစ်ခတ်မှုကြောင့် စစ်သင်္ဘောတစ်စီးကိုထိမှန်ပြီး ရန်သူ့စစ်ကူအချို့သေဆုံး၊
ဒဏ်ရာရခဲ့ပြီး ၎င်းစစ်သင်္ဘောလည်း နောက်လှည့်ပြန်ခဲ့ရကြောင်း ဖော်ပြထားသည်။
ပေါက်တောမြို့ပေါ် ရှိ လက်ကျန် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့သည် မြို့ပေါ်ရပ်ကွက်များဖြစ်သော
ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် (၃) ထဲရှိ လူနေအိမ်များအား
တမင်ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးခဲ့သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
၎င်းပြင် ဒီဇင်ဘာ
၂၁ ရက် ည ၁၀နာရီကျော်ခန့်က နှစ်ဖက် တိုက်ပွဲပြင်းထန်လျက်ရှိ
" အသံတွေထိန့်ပါတယ်။
အတွဲလိုက်ဒုံးကျည်တွေဆက်တိုက်
ယင်းအပြင် ယမန်နေ့ နေ့လယ် ၁နာရီခန့်ကလည်းစစ်ကောင်စီနေဗီမှ
ပစ်ခတ်သည့် လက်နက်
ကျရောက်မှုကြောင့်
ပေါက်တောမြို့
မြို့မဈေးနှင့်အနီးအနားအိမ်များ
" အိမ်တွေက လက်နက်ကြီးနဲ့ ပစ်လိုက်လို့လောင်သွားတာ။
ပေါက်တောမြို့တွင်းတိုက်ပွဲမှာ
ဒီဇင်ဘာ ၂၀
ရက် ယနေ့
ညနေ (၃) နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း ပေါက်တောမြစ်ထဲရှိ နန်းတက်ကျွန်း
ကျေးရွာအနီး၌ ရပ်နားထားသည့် စစ်ကောင်စီ၏ ကမ်းထိုးယာဉ် (၂) စီးသည်
ပေါက်တောမြို့သို့ ဦးတည်မောင်းလာခဲ့ရာမှ လက်နက်ကြီး၊ ငယ်များဖြင့် မြို့ထဲကို
(၁၀) မိနစ်ခန့် ဒရပ်စပ် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
တစ်ခြား စစ်ရေးနှင့်ဆိုင်သော
သတင်းများမှာ ဒီဇင်ဘာလ
(၂၁) ရက်နေ့၊ နံနက်
(၉) နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၀) ခန့်သည် စစ်တွေမြို့၊
တောကန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ
လူနေဆောင်များအား တမင်တကာ မီးရှို့ ဖျက်ဆီးခဲ့ကြသလို အဆိုပါတောကန် ကျေးရွာနှင့် အနီးဝန်းကျင်
ကျေးရွာများအား ဒရုန်းများဖြင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နံနက်
(၁၀) နာရီ (၅၅) မိနစ်အချိန်ခန့်တွင် မင်းပြားမြို့၊ မယ်တော် တောင်အခြေစိုက်
စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော “ခမရ
(၅၄၁)” နှင့် “ခမရ (၃၇၉)” တို့သည်
တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများနေထိုင်ရာ ဖလောင်းပြင် ကျေးရွာအနီးတဝိုက်သို့
လက်နက်ကြီးများဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။
ရက္ခိုင့်တပ်တော်
(AA) ဘက်မှလည်း ၎င်းတပ်ရင်းများသို့
လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ မင်းပြားမြို့၊
ကြပ်စင်တံတား အနီးသို့ စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးပေါ်မှ မိနစ်အနည်းငယ်
ကြာလှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ယမန်နေ့ နံနက် (၉)
နာရီ (၁၉) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ သရက်တောကျေးရွာ၏
အရှေ့ မြောက်ဘက် မီတာ (၁၀၀၀၀) ကျော်ခန့်အကွာအဝေး၌ ရှိသော
စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် အကြိမ် (၂၀)
တိုင်တိုင် (၃) နာရီကျော်နီးပါး ရမ်းကား ပစ်ခတ်ခဲ့သကဲ့သို့ နေ့လယ် (၁)
နာရီအချိန်ခန့်ကလည်း အဆိုပါစခန်းမှပင် ရမ်းဗြဲမြို့နယ်၊ ကြက်သရေကျေးရွာ၏
အနောက်မြောက်ဘက် တောင်ကုန်းဘက်သို့ လက်နက်ကြီးများဖြင့် (၈) ကြိမ်တိုင် ပစ်ခတ်ခဲ့သည်။
ထို့အပြင် ယမန်နေ့
ညနေ (၅) နာရီ (၄၄)
မိနစ်အချိန်ခန့်၌ပင် ရမ်းဗြဲမြို့၏ အနောက်ဘက် မီတာ (၃၈၀) ခန့်အကွာရှိ တောင်ကုန်းနှင့်
သရက်တော ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီစခန်းမှ ၆၀ မမ လက်နက်ကြီးဖြင့်
(၁၃) ကြိမ် တိုင် ကြက်သရေကျေးရွာနှင့် အနီးအနား တောင်ကုန်းများသို့
တစ်နာရီခွဲနီးပါး
ကြာမြင့်သည်ထိ
အဆက်မပြတ် ပစ်ခတ်
တိုက်ခိုက်ခဲ့သည့်အပြင် ကလိန်တောင်မြစ်ရှိ စစ်ကောင်စီ၏ ဇက်ရေယာဉ်မှလည်း
လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများကို
လက်နက်ကြီးများဖြင့် စုပြုံပစ်ခတ်ခဲ့သည်။
အမ်းမြိုနယ်၊
ကဇုကိုင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၁၄၀၀) ကျော်ခန့်အကွာအဝေး၌ရှိသော
စစ်ကောင်စီအခြေစိုက်စခန်းတစ်ခုဖြစ်သည့် “ခမရ (၅၄၃) တပ်ရင်း” မှ ယမန်နေ့ နံနက် (၇) နာရီ (၄၆) မိနစ်အချိန်ခန့်က လည်း အမ်းမြို့နယ်၊
စွိချောင်းကျေးရွာနှင့် ဆင်ဦးတိုက် ကျေးရွာများ ဘက်သို့ ၈၁ မမ၊ ၁၂၀ မမ
လက်နက်ကြီးများဖြင့် အကြိမ် (၂၀) ထက်မနည်း (၉) နာရီကျော်နီးပါး အဆက်မပြတ်
ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ် မှ စစ်သေနတ်များဖြင့်
ပစ်ခတ်ခဲ့ကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။