- Web Master
- ၀၃ စက်တင်ဘာ ၂၀၂၄
(အမျိုးသမီး ၃ဦး အဓမ္မပြုကျင့်ကာသတ်ဖြတ်ခံရဟုဆို)
ရက္ခိုင်အမျိုသားအဖွဲ့ချုပ်နှင့် ရခိုင်ပြည်နယ် စစ်ကောင်စီအား အတည်ပြုချက်ရယူရန် မေးမြန်းနေဆဲဖြစ်
အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဇွန်လ ၁/၂၀၂၄
စစ်တွေမြို့နယ်၊
ဗျိုင်းဖြူရွာတွင် အမျိုးသမီးမျ
ယင်းအပြင် ဖမ်းဆီးခံရသည့်အထဲမှ အမျိုးသမီး ၃ ဦးကိုမူ အဓမ္မပြုကျင့်ပြီး စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏
အကြမ်းဖက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများမှာ ဦးကျော်ဆန်းဦး (ဗျိုင်းဖြူရွာ၊
၎င်းတို့ကို မေလ ၃၀ ရက် ည ၁၂ နာရီခန့်မှ ၃၁ ရက် နံနက် ၄ နာရီအတွင်း သေနတ်များဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
"ဖမ်းထားတဲ့အမျိုးသမီးေတွအထဲက မသင်္ကာလို့ဆိုပြီး ၃ ယောက်ကို ဖမ်းသွားပြီး ယောကျ်ားတွေကို ဖမ်းထားတဲ့ဘက်ကို ခေါ်သွားပါတယ်။၃၀ ရက်နေ့ ည ၁၂ နာရီ အချိန်ေလာက်က စတင်ပြီးတော့ ယောကျ်ား ၄၀ ကျော်လောက်ကို ၃၁ ရက်နေ့ အာရုဏ်တက် ၄ နာရီအချိန်ထိ ပစ်သတ်ပါတယ်။ အဲ့ဒီအထဲက ပစ်သတ်လို့ မသေနိုင်တဲ့တစ်ယောက်ကိုတော့ အရှင်လတ်လတ် မြေမြှုပ် သတ်လိုက်ကြပါတယ်"ဟု ပြောသည်။
အရပ်သားများအား သေနတ်ဖြင့် မပစ်သတ်မီ လူမဆန်စွာ နှိပ်စက်မှုများ၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသည့် အမျိုးသမီး တစ်ဦးကလည်း ပြောဆိုထားပါသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ၊ ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးလှသိန်းတို့အား ဆက်သွယ် မေးမြန်းနေဆဲဖြစ်သဖြင့် နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိသေးပါ။
အသေးစိတ်သတင်းများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဤသတင်းကို ဆက်လက်ထုတ်ပြန်ပေးပါမည်။