- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများသည် သူတို့တပ်စခန်းများကို ရက္ခိုင့်တပ်တော်က လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် နေ့စဥ်ဆိုသလို ထွက်ပြေးမှုများရှိနေကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် မောင်တောမြို့မရဲစခန်းမှ ရဲတပ်သားနှစ်ဦး ထွက်ပြေးသွားသည်ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။
" ဒီနေ့လည်း
ရဲစခန်းက ရဲသားနှစ်ယောက်ထွက်ပြေးသွားတယ်
ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်ကဆိုလျှင် မောင်တောမြို့အဝင် မြို့သူကြီးအနီးရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၅)မှ နယ်ခြားစောင့်တပ်သား ၁၀ ဦးခန့်သည် စခန်းမှ ထွက်ပြေးသွားခဲ့သည်ဟု ခိုင်လုံ သည့် သတင်းရင်းမြစ်များက ပြောသည်။
"မနေ့က နခခ(၅) နားမှာ ဂိတ်ပိတ်ထားတယ်။ လုံခြုံရေးလည်း တင်းကျပ်ထားတယ်။ ကျနော်တို့ အဲဒီနားက သွားလို့မရလို့ တခြားနေရာက ပတ်သွားလိုက်ရတယ်" ဟု မောင်တော ဒေသခံတစ်ဦးကပြောသည်။
ထို့အပြင် နခခ(၆) မှ နယ်ခြားစောင့်ရဲများသည်လည်း ထွက်ပြေးနေသည်မှာ ၃ ရက်ဆိုက်တိုက် ရှိနေပြီဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။
"ဒီလိုပဲ တစ်ရက်မှာ ၃ ယောက်၊ ၄ ယောက်လောက်စီ ပြေးကြတယ်။ ၆ ရက်နေ့ကဆိုရင် ပြေးတာ အယောက် ၆၀ လောက်ကြားတယ်။ မနေ့ကတော့ အယောက် ၃၀ လောက်ပြေးတယ်ကြားတယ်" ဟုဆိုသည်။
ဘင်္ဂလာ-မောင်တော နယ်စပ်မြို့ဖြစ်သည့် တောင်ပြို(လက်ဝဲ) မြို့နှင့် တောင်ပြို(လက်ယာ) မြို့ ၂ မြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး နယ်စပ်ကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားသည်။
များမကြာမီတွင်လည်း တခြား နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်၍ နယ်ခြားစောင့်တပ်သာများ အစုလိုက် အပြုံလိုက် ထွက်ပြေးသည်များလည်း ရှိနေသလို တစ်ဦးချင်း ထွက်ပြေးသည်များလည်းရှိနေသည်။
ထွက်ပြေးရာတွင်
တချို့ဆို လက်နက်မဲ့ ထွက်ပြေးပြီး တချို့ဆို လက်နက်အပြည့်အစုံနှင့် ထွက်ပြေးကာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့