- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
(ပန်းတောပြင်တိုက်ပွဲတွင်လည်း စစ်ကောင်စီ ၁၂ ဦးသေဆုံး AA ထုတ်ပြန်)
မောင်တောမြို့နယ်၊ ဗောဓိကုန်းစခန်းကို သိမ်းပိုက်လိုက်ပြီဖြစ်ကာ ၎င်းစခန်းမှ
လက်နက်ခဲယမ်း
အချို့နှင့် စကစ အလောင်း(၁၄) လောင်း သိမ်းဆည်းရမိကြောင်း ရက္ခိုင့်တပ်တော် ( AA) ဖေဖော်ဝါရီလ
(၁၆) ရက်နေ့ ရက္ခိုင်ဒေသ
တိုက်ပွဲသတင်းများထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထုတ်ပြန်ချက်ထဲတွင် “ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏
မောင်တောဒေသရှိ ဗောဓိကုန်း စခန်းအား ယမန်နေ့၊ ဖေဖော်ဝါရီလ (၁၅) ရက်၊ နံနက် (၆) နာရီ (၂၀)
မိနစ်မှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ချိန်
၂၄ နာရီကျော်အကြာ ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၆) နာရီခန့်အချိန်တွင်
အဆိုပါစခန်းတစ်ခုလုံးအား ရန်သူ၏ လေကြောင်း၊ လက်နက်ကြီး အမြောက်အမြား
ပစ်ခတ်တိုက်ခိုက်မှုများကြားမှ မိမိတို့ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း” ဖော်ပြထားသည်။
ရန်သူ့အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့ပြီး အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံး နှင့် စခန်းသိမ်းနိုင်ခဲ့သော တိုက်ပွဲဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။
၎င်းပြင် ဖေဖော်ဝါရီလ (၁၆) ရက်၊ နံနက် (၁၁) နာရီ (၁၅) မိနစ်အချိန်တွင်လည်း မောင်တောမြို့၊ ပန်းတောပြင်ရွာသစ်
(မူဆလင်ရွာ) အနီး၌ စစ်ကောင်စီတပ်အား
ရက္ခိုင့်တပ်တော်တို့မှ ထိုးစစ်ဆင်တိုက်ခိုက်ရာ
နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ (၁၂) ဦးသေဆုံးသည့် အပြင် ဒဏ်ရာရရှိသူများလည်း ဖော်ပြသည်။
၎င်းစစ်ကောင်စီတပ်မှာ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းဖြစ်ပြီး ရန်သူ့လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို
ထပ်မံသိမ်းဆည်းရမိခဲ့သည် ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
ထို့အပြင် ဖေဖော်ဝါရီလ
(၁၆) ရက်၊ နေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင်လည်း ရသေ့တောင်မြို့နယ်၊
ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် (၁.၃) ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင်လည်း
စစ်ကောင်စီ တပ်၏ ခမရ (၅၃၆) တပ်ရင်း နှင့် ရက္ခိုင့်တပ်တော်တို့ သည် နှစ်ဖက်ရင်ဆိုင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး
ကနဦးသတင်းအရ ရန်သူ့ဘက်မှ မျက်မြင် သေဆုံး (၄) ဦး နှင့် ဒဏ်ရာရသူ
(၁၀) ဦးခန့်အထိရှိခဲ့သည်။
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမှာ နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီဘက်မှ နောက်ဆုတ်သွားကာ နှစ်ဖက် လက်နက်ကြီး၊
လက်နက်ငယ်များဖြင့် အဝေးမှ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုမျိုးဖြင့်
သာဆက်လက်ရှိနေခဲ့သည်။
ဤတိုက်ပွဲအတွင်းသို့
စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ခမရ (၅၃၆)၊ ခမရ (၅၃၇) ၊ ခမရ (၅၃၈)
တပ်ရင်းသုံးရင်းစလုံးမှ လက်နက်ကြီးပစ်ကူများအပြင် ရေကြောင်း၊ လေကြောင်းမှလည်း
လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။