- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
သဥ္ဇာနွယ်၊ နိရဥ္စရာ၊ မတ် ၂၇/ ၂၀၂၄
ပိတ်ထားရသည့်မောင်တောမြို့ ခရိုင်ပြည်သူ့ဆေးရုံမှ ဆိုလာပြားများနှင့် ဆေးဝါးပစ္စည်းများကို ဆေးရုံတွင် အစောင့်ကျနေသည့်
ရဲများက ရောင်းစားနေကြောင်း
သတင်းများထွက်ပေါ်နေသည်
မောင်တောမြို့ ပြည်သူ့ဆေးရုံမှ ဆိုလာပြားများနှင့်ဆေးဝါးများကို ဆေးရုံတွင် တပ်စွဲနေရာယူထားသည့် ရဲများက မီးစက်လမ်းဆုံရှိ စီးပွားရေးသမားများကို ရောင်းစားနေသည်ဟု မောင်တောမြို့ခံတစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။
“ ဆေးရုံထဲမှာ စစ်ကောင်စီက တာဝန်ပေးထားတဲ့ ရဲတွေ နေရာယူပြီးနေတာရှိတယ်။ ဆေးရုံမှာသုံးတဲ့ ဆိုလာပြားတွေရှိတယ်။ အဲ့ဒီဆိုလာပြားတွေကိုဖြုတ်ပြီး မွတ်ဆလင်ရွာတွေကို သွားရောင်းစားတယ်။ ဆေးရုံမှာကျန်နေတဲ့ ဆေးတချို့ကိုလည်း ရောင်းစားတယ် “ ဟုပြောသည်။
ယခု ရဲများက ရောင်းစားနေသည့် ဆေးဝါးများအပါအဝင် ဆေးပစ္စည်းကရိယာများကို မတန်တဆ စျေးနှုန်းများဖြင့် ရောင်းစားနေကြသည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောဆိုသည်။
“ အခုကြားတာက ဆေးဝါးတွေသာမက သယ်ယူလို့ ရတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကအစ အကုန်ရောင်းနေကြတယ်လို့ ကြားရတယ်။ တချို့ကလည်း မတန်တဆ စျေးနဲ့ရတော့ ဝယ်နေကြတယ်လို့ ကြားရပါတယ်။ မျက်မြင်တော့ မဟုတ်ပါဘူး။ ဒီလိုတော့ သတင်းတွေ ထွက်နေပါတယ်” ဟု ပြောကြားသည်။
မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို ပြီးခဲ့သည့် မတ်လ ၄ ရက်အတွင်း
ပိတ်သိမ်းခဲ့ပြီး ဝန်ထမ်းများကို စစ်တွေသို့အတင်းစေလွှတ်ကာ ဆေးရုံအုပ်နှင့် သမားတော်တစ်ဦးကိုလည်း ဖမ်းဆီးဝရမ်းထုတ်ထားကြောင်းသိ
မောင်တောမြို့အနီးတွင် တိုက်ပွဲပြင်းထန်လာပြီး ယမန်နေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက စစ်ကောင်စီ နေဗီမှ လက်နက်ကြီးကျည်များ ပစ်ခတ်ခဲ့၍ မောင်တောမြို့နယ် ဘက္ကာကျေးရွာအုပ်စု ကားလမ်းအနီးအနားက ကျေးရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်မှုရှိခဲ့သည်ဟု ၄င်းက ဆက်လက်ပြောသည်။
“ မနေ့က နေဗီကနေ မြို့အနီးနားတွေကို မနက်ပိုင်း တကြိမ်၊ ညနေပိုင်း တကြိမ်ပစ်ခဲ့တယ်။ ရွာဖက်တွေကို ကျည်တွေကျခဲ့တယ်။ ဘယ်နေရာမှကျလဲဆိုတာ အတိကျမသိရသေးဘူး။ ဒီနေ့ မတ် ၂၇ ရက် မနက်ထိတော့ ငြိမ်နေပါတယ် ” ဟုပြောသည်။
မောင်တောမြို့နှင့်
သိပ်မဝေးတော့သော ကြိမ်ချောင်း နယ်ခြားစောင့်
စခန်းအထိ တိုက်ပွဲများ
အပြင်းအထန် ဖြစ်ပွားလာနေပြီး
ကျီးကန်ပြင် နယ်ခြားစောင့်ရဲ ဌာနချုပ်လည်း ခြိမ်းခြောက် ခံလာရသည့် အနေအထား ဖြစ်လာသဖြင့် စစ်ကောင်စီတပ်သည် မောင်တောမြို့ပေါ်ရှိ လူနေရပ်ကွက်များထဲသို့ ဝင်ရောက်နေရာယူ တပ်စွဲထားမှုများရှိကြောင်းသိ