- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
သဥ္ဇာနွယ်/ နိရဥ္စရာ၊ မေ ၂ / ၂၀၂၄
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွ
သေဆုံးသွားသူမှာ မောင်တောမြို့နယ် တရိန်း ( မြို) ရွာမှ အဖ ဦးမေဆန်း၏သား မောင်ပေါ်ဝေ အသက်( ၁၃ )နှစ် ဖြစ်သည်။
မောင်ပေါ်ဝေသည်ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က နွားကျောင်းသွားစဥ် ပျောက်ဆုံးသွားခဲ့ပြီး ရွာသားများက လိုက်လံရှာဖွေရာ ဧပြီ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်က တူလာကီမွတ်ဆလင်(ရွာဟောင်း)တွင် အလောင်းကိုတွေ့ရှိခဲ့သည်ဟု ၎င်းကျေးရွာသား တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
“ ရွာကနေ သူနဲ့သူ့ သူငယ်ချင်း ၃ ယောက်
နွားကျောင်းသွားကြတယ်။ အဲ့ဒီ မှာ
မောင်ပေါ်ဝေက သူကျောင်းနေတဲ့နွား ၂ ကောင်က မင်းကြီးရွာဟောင်းဘုန်းကြီးကျော
မောင်ပေါ်ဝေကို သတ်ဖြတ်သူမှာ မည်သူမည်ဝါမသိရသေးသော်လည်း နွားမှောင်ခိုလုပ်နေသည့် လူအုပ်စုက သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု တရိန်းရွာသားများက ယူဆကြောင်းသိရသည်။
“ ဘယ်သူဘယ်ဝါဘယ်အဖွဲ့က သတ်တယ်လို့မသိရသေးပေမယ့်
ရွာသားတွေထင်တာက အဲ့ဒီဖက်မှာ
နွားမှောင်ခိုလုပ်တဲ့သူရှိနေတယ်
မောင်ပေါ်ဝေတွင် ဘယ်ဖက်မှေးရိုးကျိုးပြီး၊ဘယ်ဖက်
ယခုကဲ့သို့ လူငယ်တစ်ဦးသတ်ဖြတ်ခံရသဖြင့် ကျေးရွာသားများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။