- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၄
နောင်မင်းသူ၊
နိရဉ္စရာ၊ အောက်တိုဘာ ၂/၂၀၂၄
ရခိုင်ပြည်၊
မောင်တော နခခ(၅)တပ်ရင်းမကျစေဖို့ စစ်ကောင်စီက နခခ(၅)အနီး ဗုံးလာကြဲစဥ် နေရာမှား
ဗုံးကြဲမိ၍ စစ်ကောင်စီတပ်သား ၂၀
ခန့်သေဆုံးသွားသည်ဟု သိရသည်။
စက်တင်ဘာလ
၃၀ ရက်၊ မွန်းတည့် ၁၂ နာရီမှ
နေ့လယ် ၂ နာရီအတွင်း စစ်ကောင်စီက မောင်တောမြို့ နေရာအနှံ့အပြားနှင့် နခခ(၅)ဝန်းကျင်ရှိ
ရုံးအဆောက်အအုံများအား Y-12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယင်းသို့
ဗုံးကြဲချစဉ် နခခ(၅)အနီးရှိရုံးအဆောက်အအုံတစ်
"နခခ(၅)ပတ်လည်က ရုံးအဆောက်အအုံတွေကို Y-12 နဲ့ ဗုံးချတာ နေရာမှားပြီးဗုံးချလို့
စစ်ကောင်စီတပ်သား ၂၀ လောက်သေဆုံးသွားတယ်လိုတော့
သိရတယ်"ဟု ပြောသည်။
မောင်တောခရိုင်တွင်
စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိနေသည့်
နခခ(၅)တပ်ရင်းအား အာရက္ခတပ်တော်(AA)က ဝန်းရံပိတ်ဆို့ပြီး
လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဥ်များနှင့် Y-12 တို့ဖြင့် နေ့ညမပြတ် လာရောက် စစ်ကူပေး တိုက်ခိုက်နေခြ
မောင်တောမြို့ပေါ်နှင့်
နခခ(၅)ဝန်းကျင်၊ ၃ မိုင်အနီးအား ယမန်နေ့ အောက်တိုဘာ ၁ ရက်၊ ည ၁၀ နာရီကျော်မှစပြီး ယနေ့ အောက်တိုဘာ ၂ ရက်၊ ညဥ့် ၃
နာရီကျော်အထိ ဂျက်တိုက် လေယာဉ်များဖြင့်
၇ ကြိမ်လာရောက် ဗုံးကြဲချခဲ့ကြောင်း ဒေသခံများက ပြောသည်။
"စိုးရိမ်ထိတ်လန့်ပြီး တစ်ညလုံး
မအိပ်လိုက်ကြရဘူး"ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
AA က တိုက်ခိုက်နေသည့် မောင်တော နခခ (၅) တိုက်ပွဲမှာ အပြင်းထန်ဆုံးအဆင့်သို့
ရောက်ရှိလာနေပြီး နခခ(၅)မကျဆုံးစေဖို့
စစ်ကောင်စီကလည်း လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်
လက်ရှိတွင်
နခခ(၅)၌ စားနပ်ရိက္ခာများ၊
လက်နက်ရိက္ခာများပြတ်လပ်လာနေ၍ Y-12 လေယာဉ်မှ လေထီးများဖြင့် မကြာခဏ
လာရောက်ချပေးလျက်ရှိနေသည်ဟု သိရသည်။
နေရာမှား ဗုံးကြဲမိ၍ စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးသွားသည့်သတင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
ဓာတ်ပုံ - ပုံဟောင်း