- Web Master
- ၁၇ မေ ၂၀၂၄
နိရဉ္စရာ၊ နိုဝင်ဘာ၂၁/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ဘုရားကျောင်းအနီးရှိ မြက်ပင်များကိုရှင်းလင်းရာမှ မိုင်းထိ၍ အမျိုးသားတစ်ဦး ဒဏ်ရရာရှိခဲ့ကြောင်းသိရသည်။
မိုင်းထိ၍ဒဏ်ရာရရှိသွားသည့်အမျိုးသားမှာ ဦးမောင်မောင်ယိုး (၃၇ နှစ်)ဖြစ်ပြီး လွန်ခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၈ နာရီခွဲခန့်က ဘုရားကျောင်းအနီးရှိ မြက်ပင်များကိုရှင်းလင်းစဉ် မိုင်းပေါက်ကွဲကာ ခြေထောက်ကို ထိမှန်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့ ဖြူစင်မေတ္တာဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးက "လူနာကတော့ စိုးရိမ်စရာတော့မရှိပါဘူး။ စစ်တွေဆေးရုံကြီးကို ပို့ရတာကတော့ ကျောက်တော်ဆေးရုံမှာကတော့ ခြေထောက်တွေဖြတ်ရမှာကအဆင်မပြေဘူးလေ။ သူ့မှာက ဒူးအောက်ပိုင်းလောက်ကနေ ခြေဖြတ်ရမယ်လို့ထင်ပါတယ်" ဟုပြောသည်။
၎င်းတွင် ညာဖက်ခြေထောက်တွင် ဒဏ်ရာရရှိပြီး ညာဖက်လက်ဖျံအနည်းငယ် ထိခိုက်မှုရှိခဲ့သသည်ဟု သိရသည်။ဦးမောင်မောင်ယိုးသည် ယမန်နေ့ည ၇ နာရီခန့်က ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ကာ လက်ရှိ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နေရကြောင်း ၎င်းအားပို့ဆောင်ပေးနေသည့် ကပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက မြေမြုပ်မှိုင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတို့ကြောင်း သေဆုံးသူ ၁၀ဦးထက်မနည်းရှိခဲ့ပြီး ဒေသခံ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
(NN-8)
ဓာတ်ပုံ- ဖြူစင်မေတ္တာဖောင်ဒေးရှင်း