- Web Master
- ၂၇ သြဂုတ် ၂၀၂၄
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင်
ကုလားတန်မြစ်ရေတိုးလာ၍ မြစ်ကမ်းအနီးရှိ ဒေသခံ ၁၁၄၀ ကို ဘေးလွတ်ရာသို့
အရေးပေါ်ပြောင်းရွေ့ထားရသည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်သည်။
“ကျောက်တော်မြို့နယ်တွင်
(၇-၈-၂၀၂၃)ရက်နေ့ကတည်းက
ကစ္ဆပနဒီ မြစ်ရေတိုးမှုကြောင့် မူးချောင်းကျေးရွာမှ အိမ်ထောင်စု (၅၅)စု၊ ကျောက်တလုံးကျေးရွာမှ
အိမ်ခြေ (၁၅၀)၊ လူဦးရေ ကျား (၄၁၀)
မ (၇၃၀)တို့အား ရေလွတ်ရာ ကျောက်တစ်လုံးဘုန်းကြီးကျောင်း
ကုလားတန်မြစ်ရေသည် ၂၄ နာရီအတွင်း
စိုးရိမ်ရေမှတ်သို့ရောက်ရှိလာနို
ကုလားတန်မြစ်ကမ်းအနီးရှိ ဂုပ္ပီထောင့်ကျေးရွာမှ
ကိုမင်းသိန်းဇံက “ရေက
မနေ့ကထက် ပိုတိုး
လာနေတယ်။ မြစ်ကမ်းနားက
အိမ်တွေတော့ မြုပ်နေပြီ။ ရွာထဲတော့ ရေ မရောက်သေးဘူး”ဟု ယနေ့ နေ့လယ်က ပြောသည်။
အလားတူ
မြောက်ဦးမြို့နယ်တွင်လည်း လေးမြို့မြစ်ရေသည် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကို
ထိုးကျော်လွန်ရော
ယမန်နေ့ သြဂုတ်လ
၇ ရက်မှစတင်ကာ မြောက်ဦးရှိ
မြေနိမ့်ပိုင်းရပ်ကွက်အချို့မှ ဒေသခံများနှင့်
မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ၊ စုစုပေါင်း လူဦးရေ ၁
ထောင်ကျော်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးထားရသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့ နံနက် ၂ နာရီခွဲမှ ဩဂုတ်လ ၁၁ ရက်၊ နံနက် ၂ နာရီခွဲအထိ ၃ ရက်အတွင်း မိုးအလွန်သည်းထန်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။
ဓာတ်ပုံ - မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် မြို့နယ်မီးသတ်ဌာနက အရေးပေါ်ပြောင်းရွေ့ပေးနေကြစဉ်။
Photo – Rakhine Fire Force