ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဖမ်းဆီးခံထားရသည့် လက္ကာရွာသားများကို ရုံးထုတ်၊ ၁၆ ဦး တုပ်ကွေးဖြစ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 1.4k

နောင်ခိုင်အောင်/ ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန်၊ ၂ဝ၊ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူ ၂၄ ဦးထဲမှ ၂၁ ဦးကို စစ်တွေမြို့နယ် တရားရုံးတွင်လည်းကောင်း၊ လူငယ် ၃ ဦးကို မြောက်ဦးမြို့နယ် တရားရုံးတွင်လည်းကောင်း ရုံးထုတ်ခဲ့သည်ဟု သိရသည်။

၎င်းဖမ်းဆီးခံထားရသူ လက္ကာရွာသား ၂၄ ဦးထဲတွင် ၁၆ ဦးသည် တုတ်ကွေးဖြစ်နေသည်ဟု ယနေ့သူတို့အား (၃) ကြိမ်မြောက် ရုံးထုတ်လာစဉ် မိသားစုဝင်များက သတင်းမီဒီယာများသို့ ပြောကြားသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်သိန်းမရီက  ̏ ကျွန်မယေင်္ာကျားအပါအဝင် ၁၆ ယောက်ဟာ အကုန်လုံး တုတ်ကွေးဖျားနေတယ်။ အဲဒီရောဂါဟာ ကူးစက်တဲ့ရောဂါတွေ အဲဒီရောဂါတွေကို ဆေးကုသပေးချင်တယ်။ ကျွန်မတို့ဆေးကုခွင့်လည်းမရဘူး˝ဟု ပြောကြားသည်။

အဆိုပါ ဖမ်ဆီးစစ်ဆေးခံနေရသူ ၁၆ ဦးမှာ တုတ်ကွေးဖျားဖျားနေခြင်းဖြစ်ပြီး လက်ရှိတွင် ဆေးကုသခံယူခွင့် မရသောကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရသည်ဟု မိသားစုဝင်များက ပြောသည်။

̏ အဲဒီရောဂါတွေက ကူးစက်တဲ့ ရောဂါမျိုးပေါ့နော်။ အဲဒီရောဂါတွေကို ကျွန်မတို့ အချိန်မှီဆေးမကုသပေးရင် အသက်အန္တရာယ်ကို ဘယ်လောက်ထိစိုးရိမ်ရလဲဆိုတာ ကျွန်မတို့ ညလည်းမအိပ်နိုင်ဘူး၊ စားလည်း မစားနိုင်ဘူး˝ ဟု သူမက ပြောသည်။

ဖျားနာနေသူများမှာ ဦးမောင်လှမောင် (၂၂) နှစ်၊ ဦးဦးညွှန့်မောင် (၄၂) နှစ်၊ ဦးမောင်သန်းဌေး (၄ဝ) နှစ်၊ ဦးမောင်ကြီးယေ (၄၂) နှစ်၊ မောင်စံမောင် (၂၆ )နှစ်၊ မောင်သန်းထွန်းအောင် (၂၃) နှစ်၊ ဦးခင်မောင်စိုး (၃၆) နှစ်၊ ဦးထွန်းအောင်ကျော်(၄ဝ) နှစ်၊ ဦးမောင်သာထွန်း (၂၃) နှစ်၊ မောင်မြင့်အောင်( ၂၄) နှစ်၊ ဦးစံသာထွန်း (၃၂) နှစ်၊ ဦးထွန်းကြည် (၃၆) နှစ်၊ မောင်ထွန်းအေးကျော် (၂၅) နှစ်၊ ဦးမောင်တင်ဝင်း (၃၃) နှစ်၊ ဦးခင်မောင် (၃၁) နှစ်၊ မောင်ထွန်းထွန်း (၂၅) နှစ်တို့ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ထိန်းသိမ်းခံထားရသူ ၁၆ ဦး တုပ်ကွေးဖြစ်နေကြောင်း မိသားစုများက ပြောကြားခြင်းနှင့် ပတ်သက်ပြီး ထောင်ဆရာဝန်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း  အဆက်အသွယ် မရရှိသဖြင့် ဆရာဝန်၏ မှတ်ချက်က်ို တင်ပြနိုင်ခြင်း မရှိပါ။

ဆက်စပ် သတင်းများ