- Web Master
- ၀၄ သြဂုတ် ၂၀၂၂
နိရဥ္စရာ၊ ဇွန် ၂၃/၂ဝ၁၉
အင်ဒိုနီးရှားနိုင်င ံမြောက်ဖက် ဆူမားတြားကျွန်းဆွယ် ပြည်နယ်တစ်ခုရှိ မီးခြစ်ဆံများထုတ်လုပ်သည့် စက်ရုံငယ်တွင် သောကြာနေ့ နေ့လည်က မီးစွဲလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ရာ အနည်းဆုံးလူ (၃ဝ) ခန့်သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များကပြောသည်။
အဆိုပါမီးလောင်မှုမှာ လူနေဒေသတွင်တည်ရှိသော မီးခြစ်ဆံစက်ရုံငယ်အတွင်း မီးစွဲလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများနှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူ လူကြီး (၂၇) ဦးနှင့် ကလေး (၃) ဦးပါဝင်ကြောင်း ပြည်နယ် သဘာဝဘေးအန္တရာယ်လျော့ချရေး ဌာန အကြီးအကဲဖြစ်သော ရီယာဒီုင် အာခီယာ လူဘီစ် ကပြောသည်။
မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို မူ ရဲ ကစုံစမ်းစစ်ဆေးလျှက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်စဉ်အတွင်းကလေးငယ်များသေဆုံးရခြင်းနှင့်ပက်သက်၍ " သေဆုံးသွားတဲ့ကလေးတွေဟာ စက်ရုံမှာအလုပ်လုပ်နေကြတဲ့ကလေးငယ်တွေမဟုတ်ပါဘူး။ ပုံမှန်အားဖြင့် မိဘဖြစ်သူတွေအလုပ်လုပ်ဖို့လာရင်း ခေါ်လာကြတာဖြစ်တယ်’’ ဟု ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီအကြီးအကဲ အီရဝန် ဆိုက်ဟာရီ က Metro TV သို့ ပြောသည်။
လူမှုကွန်ယက် မီဒီယာစာမျက်နာ တွင်ထွက်ပေါ်လာသော ဗီဒီယိုဖိုင်တစ်ခုအရ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားများသည် အဆိုပါ မီးလောင်ခဲ့ရာ နေရာသို့ ရောက်ရှိနေကြပြီး မီးခိုးတငွေ့ငွေ့ထွက်နေသော မီးလောင်ဒဏ်ရာများဖြင့် သေဆုံနေသူများ၏ ကြွင်းကျန်ခန္စာကိုယ်များကို လည့်ပတ်စစ်ဆေးနေကြကြောင်း တွေ့ရှိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် စက်ရုံအလုပ်ရုံများဘေးကင်းလုံခြုံမှုနှင့် ပက်သက်၍ အားနည်း ပေါ့ဆသော သာဓကများရှိနေပြီး ၂ဝ၁၇ ခုနှစ်တစ်ခုလုံးတွင် မြို့တော်ဂျာကာတာအစွန်ဖက်နယ်နမိတ်အတွင်း ပေါက်ကွဲမီးလောင်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိပြီး အလုပ်သမား (၄၇) ဦးသေဆုံးကာ မီးရှူး မီးပန်းစက်ရုံမီးလောင်ကျွမ်းမှုကြောင့် လူဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
At least 30 dead in fire at Indonesia matchstick factory