- Web Master
- ၀၄ သြဂုတ် ၂၀၂၂
နိရဥ္စရာ၊ ၂၅ ဇွန် ၂ဝ၁၉
သံသယရှိသူ လူမှောင်ခိုသမား သုံးဦးမှာ ရဲနှင့် ဖြစ်ပွားသည့် ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ်တွင် ယနေ့နံနက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း သေဆုံးသွားသည်။
သေဆုံးသွားသူများမှာ တက်ကနက်မြို့နယ် နော်ယာပါရာမှ ကာဘန်အာလီ (၃ဝ) နှစ်၊ ကေကေပါရာမှ အဘာဒူရ်ကွာဒါ (၂၅) နှစ်နှင့် အဒူရ် ရာဟမန် (၃ဝ) နှစ်တို့ဖြစ်ကြသည်။
တက်ကနက်ရဲစခန်း စခန်းမှူး Pradip Kumar Das က ပြောသည်မှာ ယနေ့နံနက် အစောကြီး ၄ နာရီခန့်က မြန်မာနို်င်ငံမှ မူဆလင် ၁၅ ဦးကို လူကုန်ကူးခဲ့သူများကို အလို၍ ဖမ်းဆီးရန် Maheskhaliapara Noughat နယ်မြေတွင် ဖမ်းဆီးရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရဲတပ်ဖွဲ့များ၏ ရှေ့သို့ ရောက်ရှိလာစဉ် လူမှောင်ခိုသမားများက စတင်ပစ်ခတ်ခဲ့သဖြင့် ပြန်လှန် ပစ်ခတ်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲပြီးနောက် သေနတ်ကျည်ဆံမှန်ထားသည့် လူသုံးဦးကို တွေ့ရှိပြီး ဆေးရုံသို့ ပို့ဆောင်ရာ ၎င်းတို့မှာ သေဆုံးသွားပြီ ဖြစ်ကြောင်း ဆရာဝန်က ကျေညာကြောင်း ပြောကြားသည်။
၎င်းနေရာမှ သေနတ်သုံးလက်လည်း သိမ်းဆည်းရမိသည်ဟုဆိုသည်။
ရဲအရာရှိ ၂ ဦးလည်း ဒဏ်ရာ ရရှိခဲ့ပြီး တက်ကနက် ဆေးရုံကို ဆေးကုသရန် ပို့ဆောင်ခဲ့ရသည်ဟု သတင်းတွင် ဖော်ပြထားသည်။
3 ‘human traffickers’ killed in Cox’s Bazar ‘gunfight’