- Web Master
- ၀၄ သြဂုတ် ၂၀၂၂
နှင်းဝေဝေကျော်
စစ်တွေ၊ဇူလိူင် ၇/၂ဝ၁၉
စစ်တွေမြို့စိမ်းလန်းစိုပြေလှပရေးအတွက် Green Network Sittwe မှ ဦးစီးဆောင်ရွက်သော လုပ်ငန်းစဉ်များကို မိတ်ဆက်ခြင်းနှင့် ရှေ့ဆက် လုပ်မည့်လုပ်ငန်းစဉ်များအား ဌာနဆိုင်ရာများ ၊ စီပွားရေးလုပ်ငန်းရှင်များ ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် တွေ့ဆုံညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ(၆)ရက်နေ့က စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
Green Network Sittwe မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးငြိမ်းချမ်းက “ဒီဆွေးနွေးပွဲမှာတော့ စစ်တွေမြို့စိမ်းလန်းသာယာလှပရေးအတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်။ ဒီအထဲမှာ အမှိုက်ကောက်ခြင်းကိစ္စ ၊ သစ်ပင်စိုက်ခြင်းကိစ္စနဲ့ သစ်ပင်စိုက်မယ့်နေရာ ရွေးချယ်မယ့်ကိစ္စတွေကို အဓိကဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောသည်။
စစ်တွေမြို့စိမ်းလန်းစိုပြေလှပရေးလုပ်ငန်းများကို ရေရှည် လုပ်က်ိုင်မည် ဆိုပါက ပေါ်လစီများကို အစိုးရက ချမှတ်ပေးနိုင်သည့် အတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ စစ်တွေမြို့ဟာ နိုင်ငံခြားဧည့်သည်တွေ အဝင်အထွက်များတဲ့အတွက် ဒီမြို့ကိုသန့်ရှင်းအောင်လုပ်မယ်ဆိုရင် အမှိုက်ပြဿနာ ၊ ရေစီးရေလာ ပြဿနာတွေကို သန့်ရှင်းအောင်လုပ်နိုင်မယ်ဆိုရင် အစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်လည်း မြင့်တက်လာမှာဖြစ်တယ်” ဟု ဦးငြိမ်းချမ်းက ဆက်လက်ပြောသည်။
အဆိုပါအဖွဲ့တွင် လူမှုအဖွဲ့အစည်းပေါင်း(၂ဝ)ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အသင်းလှုပ်ရှားမှုအနေဖြင့် အမှိုက်ကောက်ခြင်း ၊ သစ်ပင်စိုက်ခြင်း လုပ်ငန်းများကို တစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးနေကြောင်း သိရသည်။
အစိုးရအနေဖြင့် မြေနေရာများပံ့ပိုးကူညီပေးပါက သစ်တောအုပ်များအဖြစ် ဖန်တီးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲမှ ရရှိလာမည့် အချက်အလက်များကို အစိုးရ ဌာနဆိုင်ရာများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက်များအတွက် အကူအညီပေးနိုင်မည်ဟုမျှော်လင့််ကြောင်းလည်း ၎င်းက ပြောသည်။