- Web Master
- ၀၄ သြဂုတ် ၂၀၂၂
မာန်ယုကျော် (ရွှေဝမြေ)၊ ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁/၂ဝ၁၉
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာရဲစခန်းမှ ဒုရဲအုပ် တစ်ဦး ယနေ့နံနက်အစောပိုင်းက ဓားထိုးခံရလိုက်ရ၍ သေဆုံး သွားသည်ဟု ကနဦးသတင်းများအရ သိရသည်။
ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ယိုးတရုပ် ကျေးရွာစျေးအနီးတွင် ဓားထိုးခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
"မနက် ၇ နာရီခွဲလောက်က ရွာထဲက စျေးနားမှာဖြစ်တာ။ သူက ယိုးတရုပ်စခန်းမှာတာဝန်ကျနေတာ။ အရင်ကနေ တာဝန်ကျနေတာ။ ဓားထိုးခံရလို့ ဆေးရုံကို သယ်သွားတာတော့မြင်လိုက်တယ်"ဟု ယိုးတရုပ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ဓားထိုးခံလိုက်ရသူအမည်မှာ ဗိုလ်လေး ဇော်မင်းဌေး ဖြစ်ကြောင်း ယိုးတရုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
ဓားထိုးခံလိုက်ရသည့် ဒုရဲအုပ်သည် ထိုးသွင်းဒဏ်ရာ ၁၄ ချက်ဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောသည်။
တရားခံကို မဖမ်းမိဟု လည်း သိရသည်။
လက်ရှိတွင် ဓားထိုးခံရသူ၏ အလောင်းမှာ ယိုးတရုပ်ဆေးရုံတွင် ရှိနေပြီး ပုဏ္ဏားကျွန်းမြို့မှ နာရေးကားကို ခေါ်ထေားကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ယခုနှစ် မတ်လကလည်း ယိုးတရုပ်ကျေးရွာ ရဲစခန်း တိုက်ခိုက်ခံခဲ့ရသည့် အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီး ရဲတပ်ဖွဲ့အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်သည် ဓားထိုးခံခဲ့ရသည်။