- Web Master
- ၀၄ သြဂုတ် ၂၀၂၂
နိရဥ္စရာ၊ စက်တင်ဘာ၆/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်အနီး စားကျက်မြေတစ်ခုတွင် အမည်မသိ အဖြူရောင်ကိုယ်ထည်ရဟတ်ယာဉ် တစ်စီးကို ယနေ့ နံနက် ၁ဝ နာရီကျော်က ဆင်းသက်၍ တွေ့ရှိသည်ဟု ရွာသားများက သတင်းပေးပို့သည်။
မျက်မြင်ရွာသား တစ်ဦးက “ ရဟတ်ယာဉ်အမျိုးအစားပါ။ အဖြူရောင်ပါ။ ပထမတော့ မီးတွေထိန်လင်းပြီးမြင်ရတယ်။အခု စက်ရပ်လိုက်ပြီ။ အေးဒီလေယာဉ်ကို ကျွန်တော်တို့ရွာက လှမ်းမြင်ရပါတယ်။ စစ်သားတွေလည်း မရှိဘူး။ ဘယ်သူမှ မရှိဘူး။ ဘာကြောင့် လာကျတယ်ဆိုတာလည်း မသိပါဘူး” ဟု ပြောကြားသည်။
၎င်းရဟတ်ယာဉ်ကျနေသည့်နေရာမှာ သင်ပုန်းတန်းကုန်တန်းဟု ခေါ်ပြီး စားကျက်မြေနေရာဖြစ်ကြောင်း၊ စည်တောင်ကျေးရွာနှင့် ရေကောင်းချောင်းကျေးရွာ အကြားဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ရေကောင်းကျေးရွာသို့ ဆက်သွယ်ရာ မျက်မြင် တစ်ဦးက လေယာဉ် အဖြူတစ်စီးကျနေကြောင်း၊ ၎င်းနေရာမှာ စည်တောင်ကျေးရွာ၊ ရေကောင်းချောင်းကျေးရွာနှင့် သပြေဆိပ် ကျေးရွာ အကြားတွင် ဖြစ်ကြောင်း၊ လူတစ်ဦးတက်လိုက် ဆင်းလိုက် လုပ်နေသည်ကို မြင်ရကြောင်း၊ ရဟတ်ယာဉ်မှာ အဖြူရောင် ဖြစ်ကြောင်း ပြောကြားသည်။