- Web Master
- ၀၄ သြဂုတ် ၂၀၂၂
အောင်လင်းထွန်း
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈ ရက်/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရုံးကို ယနေ့ ဖွင့်လှစ်လိုက်ပြီဟု သိရသည်။
အဆိုပါရုံးကို စစ်တွေမြို့ ရူပမြောက်ရပ်ကွက် ပန်းခြံလမ်းရှိ အိမ်အမှတ် (၁၂၅)တွင် ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
“ရခိုင်တစ်ပြည်နယ်လုံးမှာ နှစ်မြို့နယ်လောက်သာကျန်တယ်။ သို့သော်လည်း ကျန်တဲ့ နှစ်မြို့နယ်က အဖွဲ့အစည်းအနေနဲ့ စာရင်းမပေးတာ။ လူပုဂ္ဂိုလ်အနေနဲ့ ပူးပေါင်းပါဝင်မှုရှိတဲ့အတွက် ၁၇ မြို့နယ်လုံး ပူးပေါင်းပါဝင်တဲ့အတိုင်းအတာဖြစ်လာတဲ့အတွက် ကျနော်တို့ စာပေအကျိုးကိုဆောင်ရွက်ဖို့ အတိုင်းထက်မသိ ဝမ်းသာရတယ်။”ဟု ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ တွဲဘက်အတွင်းရေးမှူး ဦးခိုင်မြတ်ကျော်က ပြောသည်။
ရခိုင်စာပီဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတွင် အဖွဲ့ဝင်အဖြစ်မပါဝင်နိုင်သေးသည့် မြို့နယ်နှစ်ခုမှာ ဂွမြို့နယ်နှင့် မောင်တောမြို့တိုဖြစ်ကြသည်။
အဆိုပါဖောင်ဒေးရှင်းကို စာရေးဆရာသီးသန့်ဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ရခိုင်စာပေဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နေသော မည်သည့်အဖွဲ့အစည်းမဆို အဖွဲ့ဝင်အဖြစ် လက်ခံသွားမည်ဟု ဖောင်ဒေးရှင်းတာဝန်ရှိသူများက ဆိုသည်။
အဆိုပါဖောင်ဒေရှင်းကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၅ ခုမှ စာပေပညာရှင်များဖြင့် ၂ဝ၁၆ ခုနှစ်တွင် မင်းပြားမြို့၌ ယာယီဖွဲ့စည်းခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် မြေပုံမြို့၌ အတည်ပြုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
----------------------
Unicode:
နိရ ဉ်စရာ၊ ဖဖျေောဝါရီ ၈ ရကျ/ ၂ဝ၂ဝ