ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲမရှိသဖြင့် ရသေ့တောင်မြို့နယ် စေတီပြင်ဆရာတော် စျာပနပွဲကို လူပေါင်း သောင်းနှင့်ချီ လာရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဇန်နဝါရီ ၂၈/ ၂၀၂၁

နှစ်နှစ်တာ တိုက်ပွဲဖြစ်ပွားနေခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၌ ပွဲလမ်းသဘင်များ မကျင်းပဖြစ်ခဲ့သည်မှာ နှစ်နှင့်ချီကြာနေပြီဖြစ်သည်။

ယင်းကြောင့် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ၊ မေယုပဌမပြန်စာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်ကြီးဖြစ်တော်မူသည့် နိုင်ငံတကာသာသနာပြု (ဓမ္မကထိက)၊ မြို့နယ်သံဃာ့နာယကအဖွဲ့ (ဒုတိယဥက္ကဋ္ဌ) ဘဒ္ဒန္တ အာစရရံသီ၏ အန္တိမအဂ္ဂိစျာပန သာဓုကိဠနပူဇာပွဲတော်(ကြွင်းကျန် ရုပ်ကလပ်တော်)အား မီးပူဇော်ပွဲကို လူသောင်းချီလာရောက် ဖူးမြော်ခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီး၏ စျာပနဖြစ်မြောက်ရေးကော်မတီဝင် ဦးခင်မောင်ဝင်းက "ကျွန်တော် ဒီဖက်မှာက တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ဆရာတော်ကြီး စျာပနကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဓမ္မသဘင်ပွဲ တစ်ရက်၊ နှစ်ရက်ကျင်းပပြီး မီးသင်္ဂြိုဟ်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ တိုက်ပွဲတွေလည်း မဖြစ်တဲ့အတွက် အချိန်တစ်ခုထိ စောင့်ကြည်ကြမယ်။ အခြေအနေကောင်းရင် စျာပနာပွဲကို ဒုံးတိုက်ပြီး ခမ်းခမ်းနားနားကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုး ကျင်းပရတာပါ" ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ဆရာတော်ကြီး၏ စျာပနပွဲကို အနီးအနားကျေးရွာများနှင့် အနယ်အရပ်ရပ်က လူပေါင်း နှစ်သောင်းကျော်ခန့်လာရောက်ဖူးမြော်ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“လူတွေက ပွဲတွေ မမြင်ဖူးတာ နှစ်အတော်ကြာခဲ့ပြီးလေ။ ပွဲငတ်နေတဲ့အတွက် ဆရာတော်ဘုရားစျာပနပွဲကို အခုလို လူတွေ သောင်းနဲ့ချီလာကြတာပါ။ ကျွန်တော် ပွဲလာသူတွေကို ပွဲခင်းဝင်ဝမှာ mask ပေးတဲ့ပြီးတော့ လက်သန့်ဆေးနဲ့ လက်ဆေးခိုုင်းပါတယ်ဗျ” စျာပနဖြစ်မြောက်ရေးကော်မတီဝင် ဦးခင်မောင်ဝင်းက ပြောသည်။

ဆရာတော်ရုပ်ကလပ်တော်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၇ နာရီခန့်က စေတီပြင်ကျေးရွာ အနောက်ဘက်ရှိ ဆရာတော် သုဿာန်၌ ဒုံး အလုံး ၄၀၀ ပူဇော်ခဲ့ပြီးနောက် မီးသင်္ဂြိုဟ်ခဲ့သည်။

ဆရာတော်ကြီးသည် လွန်ခဲ့သည့် ၄ နှစ်ခန့်ကပင် လေဖြတ်ရောဂါ ဝေဒနာကို ခံစားနေရပြီး စစ်တွေဆေးရုံကြီးနှင့် ရန်ကုန် အင်းစိန် ကြွယ်ကမ႓ာ ဆေးရုံကြီးတို့၌ တက်ရောက်ကုသမှုခံယူခဲ့ပြီး တစ်နှစ်ခန့်အကြာတွင် ဆရာတော်သီတင်းသုံးနေထိုင်တော်မူနေသော စေတီပြင်ဘုန်းတော်ကြီးကျောင်း၌ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၇၆) နှစ်၊ ဝါတော် (၅၆) ဝါ ရှိပြီဖြစ်သည်။

ဆရာတော်ကြီးလောင်းလျာအား ရသေ့တော်မြို့နယ်၊ လိိွုင်ဂွင်(ခေါ်) နွားလားကျော်ကျေးရွာနေ ခမည်းတော် ဦးဘောသဦးနှင့် မယ်တော် ဒေါ်စံမြဦးတို့က ၁၃၀၆ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ခရစ်နှစ် ၁၉၄၄ ခုနှစ် မေလ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်တော်ခဲ့ပြီး မွေးချင်းခြောက်ဦးအနက် ပဥ္စမမြောက် သားကောင်းရတနာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆရာတော်ဘုရားကြီး၏ အရိုးပြာအား စေတီပြင်ကျေးရွာ၏ ပထမဦးဆုံးကျောင်းထိုင်ဆရာတော်ကြီးဦးဉာဏ အရိုးဂူတည်ထားသည့် လျောင်းတော်မူဘုရားကွင်းအတွင်း အရိုးပြာဂူသွင်းထားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ