ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ယခင် တာဝန်ထမ်းဆောင်ခဲ့သူအချို့အား တပ်မတော်က ဆက်လက်တာဝန်ပေးအပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 6.3k

ဇွဲဓန (ကိန်းသာမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂ / ၂၀၂၁

NLD အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူအချို့အား တပ်မတော်က ဆက်လက်တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

တပ်မတော်က ဆက်လက်တာဝန်ပေးအပ်လိုက်သူများမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတို့ဖြစ်ကြသည်။

၎င်းတို့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသော အာဏာကိုကျင့်သုံးလျက် မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ဖေဖော်ဝါလ ၁ ရက်နေ့တွင် တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ