ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်ရှေ့ “စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြောင်း” ဆန္ဒဖော်ထုတ်၊ စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့်ပတ်သက်မှုမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈ / ၂ဝ၂၁

စစ်တွေတက္ကသိုလ်ကျောင်းရှေ့တွင် ကျောင်းသား ကျောင်းသူ ၃ဝ ခန့်သည် ယနေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်က စီမံအုပ်ချုပ်ရေး ကောင်စီကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၎င်းဆန္ဒဖော်ထုတ်သူများသည် ဖဲကြိုးအစိမ်းထိုးထားသည့် တီရှပ်အဖြူများ ဆင်တူဝတ်ဆင်ပြီး စစ်တွေတက္ကသိုလ်ကျောင်းရှေ့တွင် “စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံကြိုဆိုပါ၏” ဗီနိုင်းကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုမှာ စစ်တွေတက္ကသိုလ်မှ ဆရာများသမဂ္ဂ၊ ကျောင်းသားများသမဂ္ဂနှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

“ သူတို့က သက်သက်ဗျ။ တက္ကသိုလ်ရဲ့ ပုံရိပ်ကိုဖမ်းယူပြီးတော့ လုပ်ကြတာဖြစ်တယ်။ တက္ကသိုလ်နဲ့ ပတ်သက်မှုမရှိဘူး။ ပထမဆုံးကတော့ သူတို့က ကျောင်းဝင်းထဲမှာလာလုပ်တာ။ ကျောင်းဝင်းထဲမှာ လုပ်ခွင့်မရတော့ သူတို့က တက္ကသိုလ်ရှေ့မှာ သွားလုပ်တာ ” ဟု ၄င်းဆိုသည်။

ဆန္ဒပြသူများမှာ တပ်မတော်သားများ၏ သားသမီးများဖြစ်နိုင်ကြောင်း သူက ဆက်ပြောဆိုသွားသည်။

ဆက်စပ် သတင်းများ