- Web Master
- ၀၄ သြဂုတ် ၂၀၂၂
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉ / ၂ဝ၂၁တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဆန္ဒထုတ်ဖော်လျက်ရှိသည်ဟု သတင်းရရှိသည်။ ယနေ့ နံနက် ၈ နာရီခွဲခန့်မှစတင်ခဲ့သည့်အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံ နှစ်ထောင်ခန့်ပါဝင်ကြောင်း သိရသည်။“တပ်မတော်သည် ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူခြင်းကို ဆန့်ကျင်ကန့်ကွက်ပါသည်”၊ “စစ်အာဏာကျဆုံးပါစေ”ဟု ရေးသားထားသည့် ပိုစတာများကို ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။