ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း သံတွဲတွင် ထပ်မံဆန္ဒထုတ်ဖော်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 6k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉ / ၂ဝ၂၁

တပ်မတော်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယနေ့ ထပ်မံ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၁ဝ နာရီခန့်က စတင်ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် လူနှစ်ထောင်ဝန်းကျင်ခန့်ပါဝင်ခဲ့ပြီး သံတွဲမြို့တော်ခမ်းဟောင်းမှနေ၍ မြို့တစ်ပတ်လှည့်လည်ခဲ့ကြကြောင်း သိရသည်။

သံတွဲမြို့တွင် ယမန်နေ့နံနက် ၁ဝ နာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ရာတွင်လည်း လူပေါင်း ထောင်နှင့်ချီပါဝင်ခဲ့ပြီး ယနေ့ ဆန္ဒပြမှုမှာ ဒုတိယမြောက်နေ့ဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ