ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဦးမင်းအောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် လူ ၃ဝဝ ခန့် တောင်ကုတ်ရဲစခန်းရှေ့တွင် စုဝေး တောင်းဆိုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k

ကိုကိုတိုး
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/ ၂၀၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့သည့် ဦးမင်းအောင်နှင့် နောက်တစ်ဦးတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဒေသခံ ၃ဝဝ ခန့်က တောင်ကုတ်မြို့မရဲစခန်းရှေ့တွင် တောင်းဆိုနေကြကြောင်း သတင်းရရှိသည်။

အဆိုပါလူအုပ်သည် ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လယ်မှစတင်ကာ တောင်းဆိုနေကြခြင်းဖြစ်သည်ဟုလည်း တောင်းဆိုရာတွင်ပါဝင်သူတစ်ဦးဖြစ်သည့် ကိုစိုးသီဟက ပြောသည်။

"ကျွန်တော်တို့ဆန္ဒထုတ်ဖော်ရာမှာ ခေါင်းဆောင်ဆိုတာမရှိပါဘူး။ ပြည်သူတွေအကုန်ခေါင်းဆောင်ပါ။ ပြီးတော့ ခုထိန်းသိမ်းခံထားရတဲ့သူတွေကိုပြန်မလွှတ်မချင်း ဒီနေရာကမပြန်နိုင်ပါဘူး "ဟု ပြောသည်။

ရဲက ခေါ်ယူခြင်းခံထားရသူတို့မှာ တောင်ကုတ် NLD မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် NLD ပါတီဝန်းရံသူ ကိုသန့်ဇင်ဖြိုးတို့ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် တပ်မတော်ကအာဏာသိမ်းမှုကို တောင်ကုတ်မြို့တွင် ယနေ့ နံနက်ပိုင်းက လူ ၃ ထောင်ကျော်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာ၌ပါဝင်ခဲ့သူတို့ဖြစ်သည်။ ဆန္ဒထုတ်ဖော်မှုအပြီးတွင် ၎င်းတို့နှစ်ဦးအား တောင်ကုတ် NLD ရုံးအတွင်းမှနေ၍ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခြင်းလည်းဖြစ်သည်။


ဆက်စပ် သတင်းများ